top of page

အချိန်ပေးခဲ့ရတာ တန်မယ် ၊ အလုပ်လည်း ရှားတဲ့အထဲမပါဘူး ။ဝင်ငွေလည်းကောင်းမည့် ဘာသာရပ် ၅ခု

အချိန်ပေးခဲ့ရတာ တန်မယ် ၊ အလုပ်လည်း ရှားတဲ့အထဲမပါဘူး ။

ဝင်ငွေလည်းကောင်းမည့် ဘာသာရပ် ၅ခု


နိုင်ငံတကာက statistics တွေဖတ်ပြီး ပြန်ရေးရတာဆိုတော့ မြန်မာပြည်နဲ့ ကိုက်ချင်မှကိုက်မယ်။ နိုင်ငံခြား မှာ သွားသင်သင့်တဲ့ ဘာသာရပ်တွေပါ။


၅.Engineering

အင်ဂျင်နီယာ ဘာသာရပ်


ဆောက်လုပ်ရေးပဲပြေးမြင်ကြပေမယ့်

တကယ်တမ်းမှာတော့သူ့နယ်ပယ်က နေရာတကာမှာတွေ့ရတယ်။

Medicine , Science, Marine Life ,Petroleum ,

Aeronautical, Automobile, IT နယ်ပယ်တွေမှာ ကျယ်ပြန့်လွန်းတယ်။ လူတိုင်းနားလည်အောင်ပြောရရင် maths တို့science တို့ရဲ့ ပြဿနာကို လက်တွေ့မှာ အသုံးချဖြေရှင်းနိုင်တဲ့သူ လို့ ပြောရမှာပါ။

ဆိုတော့ အင်ဂျင်နီယာ ဘာသာရပ်တွေ ဟာ ဝင်ငွေ ကောင်းပါတယ်။


အားနည်းချက်- သင်ယူရတာ ခက်ခဲသည့်အတွက် Maths , Science ကောင်းရပါမယ်။

အလုပ်အပြိုင်အဆိုင်ရှိပါတယ်။

နည်းပညာ က တစ်ချိန်လုံးပြောင်းလို့

ဦးနှောက်ပါ update တင်နေရတဲ့ ဘာသာရပ်တွေပါ။


အားသာချက်- သင်ယူရတာ ခက်တော့

အကန့်အသတ်ရှိပြီးသား

ကိုယ့်အလုပ်ကို လာလုမှာ သိပ်မပူရဘူး။

စီးပွားရေးနဲ့လည်း တွဲလို့ရတယ်။ဥပမာ

Project Manager လိုမျိုး

ဝင်ငွေဖြောင့်တယ်။


၄.Human Resource Management


လုပ်ငန်းတွေရှိသရွေ့ HR တွေရှိမယ်။

HR ဆိုလို့ အလုပ်ခန့်တဲ့သူတွေလို့ လွယ်လွယ်မှတ်ကြပါတယ်။ တကယ်တော့ Company မှာရှိတဲ့ ဝန်ထမ်းလစာတွေ အလုပ်ခန့်အပ်ခြင်း ထုတ်ပြစ်ခြင်း Hire Fire

တွေ policy တွေ မညှိ အောင်လုပ်ပေးရတာပါ။


အားနည်းချက်- အလုပ်ပိနေတဲ့သူတွေပါ။

သူများရုံးဆင်းလည်း မပြီးနိုင်ဘူး။

ဝန်ထမ်းစုံရဲ့ ပြဿနာတွေရှင်းရတယ်။

အလုပ်ထုတ်ရတဲ့အခါမှာ ကိုယ်က ခင်မင်နေတဲ့သူတွေဆို ပိုဆိုးတယ်။ရုံးထဲကလူတွေကို တချိန်လုံး ညှိ​ပေးနေရတော့ တော်တော်မောပါတယ်။


အားသာချက်- လူပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အတွက် ကိုယ်ကို လူတိုင်းကသိမယ်။ ကြိုက်ချင်မှတော့ကြိုက်မှာ

စကားနည်းတဲ့သူ ရှက်တက်တဲ့သူတွေနဲ့မကိုက်ဘူး။ နေ့ရောညရော အလုပ်လုပ်ချင်တယ်ဆိုသူတွေကွက်တိပဲ။ ရုံးရောက်တာနဲ့ ရှင်းပေတော့ပဲ။လစာ က မိုက်တယ် ။


၃ .Business Majors


Business လို့ပြောလိုက်ရင် ကဏ္ဍအစုံရှိတယ်။ တစ်ခုကို ပဲ ယူပါ။ General Business

ကို သွားမတက်ပါနဲ့ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ ဘယ်မှမရောက်ဘူး။

Sale ဆိုရင် sale ပဲလုပ် ။ Admin ဆို adminလုပ် Financeသမားက Finance မှာနေ

မဟုတ်ရင် ရန်ထဖြစ်ကြရော ဟိုဖက် Account က မွှေလိုက်လို့ sales က တိုင်ပတ်တာတို့ logistics က မစစ်ပဲ marketing လုပ်မိတာတို့ ပြောမကုန်ဘူး။

Entrepreneurship studies တွေလည်း ဝင်ငွေကောင်းတယ်။

စီးပွားရေးကျောင်းတက်မယ်ဆိုရင် ဘယ်ဘာသာရပ်ယူမလဲဆိုတာ အရင်စဥ်းစားပါ။ ရေရှည်မှာ ဝင်ငွေ ဘယ်ဟာကောင်းလဲဆိုတာကို ထည့်တွက်ပါ။


အားနည်းချက်- corporate job တွေထဲ ထိုင်နေရလိမ့်မည်။ရုံးတက်သာတက် ​ရုံးဆင်းရင်ဆင်းနဲ့ တစ်ရက်ပြီးတစ်ရက်ကုန်ရော။

စည်းကမ်းကြပ်တဲ့ရုံးတွေဆိုရင် ကိုယ်က လွတ်လွတ်လပ်လပ်သမားဆိုရင်မကိုက်ဘူး။ ဝန်ထမ်းကို ပျော်ရွှင်စေတဲ့ အလုပ်ပတ်ဝန်းကျင်ကိုဖန်တီးပေးထားတဲ့ company ကို ရှာပါ။

ပြိုင်ဆိုင်မူက တချိန်လုံးဖြစ်နေတော့ ရာထူးတိုးဖို့ကို လုနေရရော Project တစ်ခု အောင်မြင်ရင် နာမည်ကောင်းယူချင်တဲ့ သူတွေကတစ်မျိုး ဆိုတော့ ဘာသာရပ်တစ်ခုတည်း ကို Professional ဖြစ်တဲ့အထိလေ့လာပါ။ company ကလက်လွှတ်ရမှာ ကြောက်တဲ့အထိ ကြိုးစားလိုက်ပါ။


အားသာချက် - ယှဥ်ပြိုင်ရတာကြိုက်တဲ့သူတွေ အတွက် ရင်ခုန်ရမယ်။ တော်ရင်တော်သလောက် ရာထူးတိုးမြန်တယ်။

ဝင်ငွေ အကောင်းဆုံးရတဲ့သူတွေဖြစ်ပါတယ်။ တစ်ခုပဲ Master ပြီးဖို့ လိုပါတယ်။


၂. Health Majors


လူတိုင်းနေမကောင်းဖြစ်တယ်။ ကျန်းမာရေးအတွက်က

ဆေးပညာက အ​မြဲတမ်းလိုအပ်နေမှာပါ။

Health service Managment လို ဘာသာရပ်မျိုး ဆိုရင် CEO ထိသွားလို့ ရတယ်။

ဆေးခန်း ဆေးရုံ laboratory ဆေးဝါးစက်ရုံကြီးကြပ်သူအနေနဲ့ အလုပ်လုပ်လို့ရတယ်။

ဆေးပညာနယ်ပယ်က နိုင်ငံခြားမှာ ဝင်ငွေအရမ်းရတာပါ။ဆိုတော့ ၁၀ခု လောက်စာရင်းလေးလုပ် ဝါသနာလည်းပါရမယ်။ ဝင်ငွေလည်းရေရှည်မှာကောင်းမယ့်ဘာသာရပ်ကိုရွေးချယ်ပါ။


အားနည်းချက် - အလုပ်ချိန်များချက်က အိမ်ကိုမေ့လောက်တဲ့အထိပါ။

အနေဆင်းရဲ အစားဆင်းရဲနဲ့ လူနာတွေကို

နေ့ဆိုင်းညဆိုင်းနဲ့ စောင့်ရှောက်ရ​တာဆိုတော့ တအားပင်ပန်းပါတယ်။

စိတ်ရှည်ပြီး မကြောက်တတ်တဲ့သူတွေမှအဆင်ပြေမယ်။ Pharmacy က ဆေးဝါးကျွမ်းကျင်တောင် အခန့်မသင့်ရင် လူနာတွေ ရင် အငြိုအငြင်ခံရပါတယ်။

လူ့အသက်ကို လည်း ကယ်ရတဲ့အလုပ်ဖြစ်နေတော့ ပိုက်ဆံပေးပေးမပေးပေး ကုပေးရမယ့် ပညတ်ချက်ရှိနေတယ်။

ခက်တာက ဆေးပညာနယ်ပယ်က သူတွေအားလုံးဝင်ငွေရဖို့လိုပါတယ်။ မဟုတ်ရင်

ရပ်တည်ဖို့ ခက်ခဲပါတယ်။


အားသာချက် - အလုပ်အမြဲတမ်းရှိမယ်။

အကောင်းဆုံးက အိမ်ပြန်ရောက်လို့ မျက်လုံးမှိတ်ရင်ကိုယ်ကုသပေးလိုက်လို့

အသက်ရှင်သွားတာဆိုရင် ဘာနဲ့မှလဲလို့မရတဲ့ ပီတိကိုခံစားရမှာပါ။ ဘဝမှာ အ​ကောင်းဆုံးခံစားချက်ပေါ့။


၁. Computer Science


အချိန်ကုန်သက်သာမယ် လူသက်သာမယ် လုပ်ငန်းမြန်မြန်ပြီးမယ် ။ဒါတွေကို ကူညီပေးနေတာက software engineering ပါ။

လက်ရှိနဲ့ အနာဂတ်ရဲ့ အလုပ်အကိုင်ပါ။

လူတွေသူ့ကြောင့်အလုပ်ပြုတ်တာမှန်ပါတယ်။ နောက်နှစ်တွေမှာ လည်း CS က လူတော်တော်များများ ရဲ့ အလုပ်အကိုင်တွေကို ခြိမ်းခြောက်မှာပါ။

Machine learning, Artificial Intelligence.

VR AR ဘာသာရပ်တွေကိုသင်ယူမယ်ဆိုရင်တော့ အကောင်းဆုံးပါ။


အားနည်းချက် - computer screen ကို ကြည့်နေရတဲ့အတွက် ကျန်းမာရေးထိမယ်။

ဆိုတော့ နားလိုက် လုပ်လိုက် ကျန်းမာရေးမထိ​ ​ေ​အာင်ဂရုစိုက်ပါ။ ဒါပဲပြောစရာရှိတယ်။


အားသာချက်- တစ်နှစ်ကို သိန်းရာဂဏန်းကနေ ထောင်ဂဏန်းထိ ဝင်တယ်။

ကိုယ်တော်ရင်တော်သလို company တွေက အပြိုင်အဆိုင် အလုပ်ခေါ်ချင်ကြတယ်။

လစာအပြိုင်ပေးကြတယ်။


အရေးကြီးဆုံးက Research လုပ်ပါ။

ရထားတဲ့ ဘွဲ့ သင်ယူမည့်ဘာသာရပ်က ဒီအချက်တွေနဲ့ ကိုက်မကိုက်ချိန်ပါ။


1. Average Salary


ပျမ်းမျှလစာ

ဘယ်company က ဘယ်လောက်ပေးလဲ?

ခံစားခွင့်တွေကဘာလဲ?


2.Job Satisfaction


အလုပ်ကို ကျေနပ်ကြိုက်နှစ်သက်မူရှိမရှိ

တချို့အလုပ်တွေက လစာမြင့်ပေမဲ့ စိတ်ဖိစီးမူများလို့ သေချာကြည့်သင့်ပါတယ်။


3. Job Growth Demand

ကိုယ်လုပ်နေတဲ့အလုပ်က ဘယ်ရာထူးထိသွားလို့ရလဲ?

နောင်ဘယ်အချိန်ထိ ​အသုံးဝင်ဦးမှာလဲ?

ဒီအလုပ်ကို လုပ်မည့်သူတွေ

များလာမှာလား?


4. Interest or Passion


ဒီအလုပ်ကို ကြိုက်လား ပျော်လား

ဝါသနာပါလား ဆိုတဲ့

မေးခွန်းလေးတွေပါ။ ရိုးရှင်းပေမဲ့ ရေရှည် ခံစားရမှာဆိုတော့ သေချာ

အချိန်ပေးစဥ်းစားပါ။


ခင်တဲ့သူတွေကိုမေးပါ။ လက်တွေ့ဘဝက အလုပ်ဟာ ဘယ်လိုလဲဆိုတာကို

အမျိုးမျိုးတွေ့ရမယ်။

ကိုယ်လည်းပညာရတာပေါ့။


Peace,


A


P.S. စီးပွားရေး ကျန်းမာရေး အနုပညာ

Science ဘာသာရပ်တွေရဲ့ အခက်အခဲတွေနဲ့ ဝင်ငွေကွာခြားမူတွေကို နောက်ပိုင်းရေးပေးပါမယ်။




Recent Posts

See All
ဘယ်ကျောင်း​ ​ ရွေးရမလဲ မသိဘူးဖြစ်နေတယ်??

ကျွန်တော် ဘာသာရပ်ရွေးတာကို နည်းနည်း ရှင်းပြပေးခဲ့ ပါတယ်။ အခု အရေးကြီးတာက မေးခွန်းတွေပါ။ တ​က်ချင်တဲ့ ဘာသာရပ်သိပြီ ။ ဘယ်ကျောင်း​ ​ ရွေးရမလဲ...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page