ဘယ်ကျောင်း ရွေးရမလဲ မသိဘူးဖြစ်နေတယ်??
- Adrian Minus
- Oct 28, 2020
- 1 min read
ကျွန်တော် ဘာသာရပ်ရွေးတာကို နည်းနည်း ရှင်းပြပေးခဲ့ ပါတယ်။
အခု အရေးကြီးတာက မေးခွန်းတွေပါ။
တက်ချင်တဲ့ ဘာသာရပ်သိပြီ ။
ဘယ်ကျောင်း ရွေးရမလဲ မသိဘူးဖြစ်နေတယ်??
ရန်ကုန်က Agency တော်တော်များများရောက်ဖူးတယ်။ နိုင်ငံခြားမှာ ကျောင်းတက်ချင်လို့ လိုက်မေးတယ်။ တချို့က စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။ တချို့ကျတော့ အချိန်နည်းလို့ ခပ်မြန်မြန်ပဲရှင်းတယ်။ တချို့ကျတော့ ဒီကျောင်းလေးရှိတယ်ဆိုပြီး ရောင်းရော
ဆိုတော့ အတွေ့အကြုံရတယ်။
ရှင်းပြဖို့ ကျန်တဲ့မေးခွန်းတွေ မမေးခဲ့ရတဲ့ မေးခွန်းတွေ စီကြည့်ရအောင်
1.တက်ချင်တဲ့ ဘာသာရပ်က ဒီကျောင်းမှာ နာမည်ကြီးလား ?
2.အဲဒီနိုင်ငံမှာ ဒီဘာသာရပ်နဲ့ ပတ်သတ်ရင် ဒီကျောင်းထွက်ဆိုရင် အသိအမှတ်ပြုကြလား?
3.အလုပ်တန်းခန့်ကြလား?
4.အလုပ်ရဖို့ပျမ်းမျှ ဘယ်နှစ်လကြာမလဲ?
5.တခြားနိုင်ငံတွေကကော အသိအမှတ်ပြုလား?
6.ပြီးရင် ဆက်ခုန်လို့ ရမယ့်နိုင်ငံတွေ က ဘယ်နိုင်ငံတွေဖြစ်မလဲ?
7.ဘယ်နိုင်ငံမှာ Master ထပ်ယူရင်ရလဲ?
8.တက်ခဲ့တဲ့ ကျောင်းနဲ့ Partner ကျောင်းတွေက ဘာလဲ ?
9.ဘယ်နိုင်ငံတွေက ကျောင်းပြီးရင် အလုပ်လုပ်ခွင့်ပေးလဲ?
10.ကျောင်းတက်နေရင်းကော တရားဝင် အလုပ်လုပ်လို့ရလား?
11.ဒါမှမဟုတ် ပြန်လွှတ်လား?
12.ဆက်နေပြီး ရှိတဲ့ အလုပ်ဝင်လုပ်ပြီး မှိန်းနေလို့ရလား?
13.( PR ( Permanent Residence ) ပေးတဲ့နိုင်ငံလား ?Citizen လျှောက်လို့ရလား ? ) ဒီအပိုင်း က သက်သက် ပြောရမှာပါ။ တအားများ ပြီး ဥပဒေတွေ ကန့်သတ်ချက်တွေ များလွန်းလို့ နောက်မှရေးမယ်။ ရေးချင်မှလည်းရေးမယ်။
ကျောင်း တိုင်း ဘာသာရပ်တိုင်းမှာ ကောင်းတာမဟုတ်ပါဘူး ။ ဘယ်လိုသိနိုင်လဲဆိုရင်
၁. ကျောင်း websiteတွေထဲ ကြည့်ကြည့်ပါ။ သူတို့ အသားပေးညွှန်းနေတာတွေက ကျောင်းရဲ့ နာမည်ရှိတဲ့ဘာသာရပ်တွေဖြစ်ပြီး တချို့ဘာသာတွေကျ သေသေချာချာ မညွှန်းထားပါဘူး။
၂. Subject Ranking တွေ ကို ဒီ website မှာ စစ်ကြည့်ပါ။
ဘယ်သူတွေ ဘယ်လိုပြောပြော ကျောင်းက လူတွေ၊အမျိုးတွေ၊ Agency တွေ၊ အကြံပေးတွေ ကျောင်းပြီးအလုပ်ရဖို့ဆိုတာ လိုက်ရှာကြည့်မှသိတာပါ။ အဲတော့မှ စိတ်ညစ်ရတာ
ကြိုသိချင်ရင်တော့ ဥပမာ - Demanding jobs in Japan 2020 ဆိုပြီး ရှာကြည့်ပါ။ လိုအပ်နေတဲ့အလုပ်တွေကို နိုင်ငံတိုင်းလိုလို နှစ်စဥ် စာရင်းထုတ်ပြန်ပါတယ်။
ကိုယ်တက်ခဲ့တဲ့ ဘာသာနဲ့ လိုအပ်နေတဲ့ အလုပ်ခွင် နေရာလပ်တွေနဲ့ ကိုက်ညီနေရင်တော့ အလုပ်ရမြန်တတ်ပါတယ်။
ဝါသနာပါရင် အပေါ်က မေးခွန်းတွေကို ရှာကြည့်ကြပါ။ Online ပေါ်မှာ အကုန်ရှိပါတယ်။ ပြင်ဆင်ပြီးတော့မှ ရွေးချယ်ကြပါ။
Peace ,
A
Comentários