USA ကျောင်းတက်ပြီးအလုပ်လုပ်လို့ရလား ?
- Adrian Minus
- Oct 28, 2020
- 1 min read
USA
International students တွေ အတွက် F1 (student)visa တရားဝင်လုပ်ကိုင်ခွင့်ပေးထားပါတယ်။
1. ကျောင်းဝင်းထဲမှာ အလုပ်လုပ်ခွင့်ပေးခြင်း On- campus employment
စာအုပ်ဆိုင် စာကြည့်တိုက် အဆောင် ကန်တင်း စတဲ့နေရာတွေမှာ လုပ်ကိုင်လို့ရပါတယ်။ကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ပြင်ပက Research Lab တွေမှာ လည်းလုပ်ကိုင်လို့ရပါတယ်။
ပထမနှစ်မှာ ကျောင်းဝင်းထဲမှာ ပဲအလုပ်လုပ်ခွင့်ရှိပါတယ်။
တစ်ပတ်မှာ နာရီ၂၀ တရားဝင်လုပ်ခွင့်ရှိပြီး ကျောင်းပိတ်ရက် နဲ့ ပိတ်ရက်ရှည်တွေမှာ
full time အလုပ်ဆင်းလို့ရပါတယ်။
2.Off -campus employment
Department of Homeland security (DHS) ရဲ့ တရားဝင် law အရ
မမျှော်လင့်ထားသည့်အခြေအနေ ထိန်းချုပ်နိုင်စွမ်းမရှိသည့်အခြေအနေ ပေါ်တွင်ခွင့်ပြုသည့်
အလုပ်လုပ်ကိုင်ခွင့်ထောက်ပံ့ငွေ ဆုံးရှုံးခြင်း (ကျောင်းသားကြောင့်ဖြစ်တာမဟုတ်ရင်)
Tuition fees တိုးမြှင့်ခြင်း နေထိုင်စရိတ် မြင့်မားလာခြင်း
ငွေလဲလှယ်နှုန်း ကျဆင်းခြင်း
မမျှော်လင့်ထားသည့် ကျန်းမာရေးအခက်အခဲကြောင့် Insurance မကာမိတော့ဘဲ
ဆေးဝါးစရိတ် မြင့်တက်လာခြင်း
အခြားစရိတ်များ မြင့်တက်လာခြင်း
မိမိနိုင်ငံတွင် သဘာဝဘေးဥပဒ် ဖြစ်ပေါ်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ နိုင်ငံစီးပွားရေးပြိုလဲခြင်း
အထက်ပါ အချက်အလက်များနှင့် ကိုက်ညီပါက Designated School Official (DSO) ကို အကြောင်းကြားပါ။
ကျောင်းပြင်ပလုပ်ကိုင်ခွင့်ကို သူတို့ဖက်က ခွင့်ပြုရမှာဖြစ်ပြီး နာရီ၂၀ လုပ်ကိုင်ခွင့် ရမှာဖြစ်ပါတယ်။
3.ပညာရပ်နှင့်သက်ဆိုင်သည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်ခွင့်ပေးခြင်း Curricular Practical Training (CPT)
Internship ဆင်းရတာမျိုးကိုပြောတာပါ။ Full time လုပ်ခွင့်ပေးပါတယ်။ နာရီကန့်သတ်ချက်မရှိပါဘူး။ CPT ရဲ့ခွင့်ပြုချက်ကို တစ်ကြိမ်ထက်ပိုပြီး တောင်းဆိုခွင့်ရှိပါတယ်။
ကျောင်းတစ်နှစ် ပြီးမှ CPT လုပ်ကိုင်ခွင့်ရမှာပါ။ Graduate student ဆိုရင်တော့ program မှာ ချက်ချင်းအလုပ်ဆင်းရမယ်လို့ပါရင် CPT မှာ ခွင့်ပြုချက် မြန်မြန်တောင်းလို့ရပါတယ်။
4. ယာယီ ဝန်ထမ်းအဖြစ် အလုပ်လုပ်ခွင့် Optional Practical Training (OPT)နှစ်မျိုးရှိပါတယ်။
Pre-completion OPT : စာသင်နှစ်တစ်နှစ်အပြည့်် တက်ပြီးပါက ကျောင်းဖွင့်လျှင် နာရီ၂၀ ကျောင်းပိတ်လျှင် Full time လုပ်ခွင့်ရှိပါတယ်။
Post-completion OPT : ကျောင်းလုံးဝပြီးသွားတဲ့အခါ လုပ်ကိုင်ခွင့်ပါ။
Part time Full timeတစ်နှစ် တရားဝင်လုပ်ကိုင်ခွင့်ရှိသွားပါပြီ။
တစ်ခု သတိပြုရမှာက
တစ်နှစ်အချိန်ပဲ လုပ်ကိုင်ခွင့်ပေးတာဖြစ်တော့ Pre Opt နဲ့ Post Opt စုစုပေါင်းကိုမှ တစ်နှစ်လို့ သတ်မှတ်တာပါ။ ဆိုတော့ Pre မှာ ၉လ လုပ်ပြီးရင် Post မှာ ၃လ ပဲလုပ်ခွင့်ရှိပါတော့တယ်။
5. STEM OPT Extension
24month temporary training ဆင်းလို့ရတဲ့ ဘာသာရပ်တွေပါ။ STEM ( Science, Technology, Engineering,Mathematics)
တစ်ခုခုနဲ့ ကျောင်းပြီးရင် ၂၄လ ယာယီ training ဆင်းလို့ရပါတယ်။
ဒီလောက်ဆို US မှာ ကျောင်းတက်အလုပ်လုပ်လို့ရမရ သိလောက်ပါပြီ။
မလွယ်ဘူး လို့ပြောရမှာပါ။ ရောက်နေတဲ့သူတွေကို မေးကြည့်ပြီး အကြံဥာဏ်တောင်းတာ ပိုသင့်လျော်ပါတယ်။ကျွန်တော် က တရားဝင် ဥပဒေ ကစည်းကမ်းကိုပဲ ရှင်းပြလို့ရမှာပါ။
Uk, Europe , Asia နိုင်ငံတွေရဲ့ ကျောင်းတက် အလုပ်လုပ်ကိုင်ခွင့်တွေကို ဆက်လက်ရေးပေးသွားပါမယ်။
Peace,
A
Comments