အချိန်ကုန် ငွေကုန်ပြီး အလုပ်ရနိုင်ခြေနည်းသည့် Major များ
- Adrian Minus
- Oct 28, 2020
- 2 min read
ကျောင်းတွေ ဘယ်လို ရှာလဲဆိုတာ ခဏလေးထားပြီး ဘာသာရပ်တွေဖက်လှည့်ရအောင်
အချိန်ကုန် ငွေကုန်ပြီး အလုပ်ရနိုင်ခြေနည်းသည့် Major များ
****** နိုင်ငံတကာစံနှုန်းနဲ့ပြောတာပါ။******မြန်မာပြည်ကတော့ မှန်တဲ့အချက်တွေရှိသလို မမှန်တာလည်းရှိပါတယ်။
နိုင်ငံခြားသွားပညာသင်ပြီးမှ အလုပ်ရဖို့ ခက်တယ်ဆိုပြီးစိတ်ညစ်ရ မှာ စိုးလို့ရေးတာပါ။ နိုင်ငံခြားသွားပြီး သင်မည့်သူတွေအတွက်နော် မြန်မာပြည်မှာ ပညာသင်နေတဲ့ သူတွေကို မပြောဘူး
Admin ကိုယ်တိုင် list မှာပါတဲ့ English ဘာသာရပ်ကို ဘွဲ့ရပြီးရောဆိုပြီး ယူခဲ့တာပါ။ (ဒဂုံ အဝေးသင်)
နောက်တစ်ခုက Psychology စိတ်ဝင်စားလွန်းလို့ လေ့လာဖြစ်ပြီး လက်တွေ့မှာ အသုံးတည့်လွန်းတဲ့ဘာသာရပ်ပါ။ လေ့လာရတာ တအားမြင့်တဲ့အတွက် လေ့လာသူအဆင့်နဲ့ ပဲ ရပ်နေရပါတယ်။
Art history အနုပညာ သမိုင်းကြောင်းလေ့လာသူအနေနဲ့ အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်ချင်တုန်းပါပဲ။ ဒါကတော့ ရူးရူးမူးမူးကြိုက်တာပါ။ ပြတိုက်တွေ historical site တွေရောက်ရင် နာရီနဲ့ချီပြီးမျောနေတာပါ။ ပိုက်ဆံရရ မရရ ကြိုက်လွန်းလို့ ရွေးချယ်ခဲ့တာပါ။ ဆိုတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပါ။ အလုပ်ရနိုင်ချေအများဆုံးကနေအနည်းဆုံးကို စီသွားမှာပါ။ ပိုက်ဆံ ကတော့ ဘယ်လိုဖြစ်ဖြစ်ရှာရမှာဆိုတော့
10 to 1 ကိုကြည့်ရအောင်
10. စိတ်ပညာ Psychcology
ကျွန်တော်တော့ပြောခံရတော့မယ်။ နိုင်ငံတော်တော်များ က သဘောကျ နှစ်သက်တဲ့ဘာသာရပ်ဖြစ်ပြီး ကျောင်းသားအများစု ယူတဲ့ Top Ten ဘာသာရပ်ပါ။ ဝင်ငွေကောင်းဖို့ဆိုရင် Master or Phd ထိယူရမှာဖြစ်ပြီး License ရမှ အဆင်ပြေမှာပါ။ကျောင်းစရိတ် များပါတယ်။တကယ်တမ်းက စိတ်ပညာ ဘာသာရပ်ကို ယူခဲ့တဲ့သူဆိုရင် လုပ်ငန်းတော် တော် များများ မှာ ပေါင်းသင်းဆက်ဆံရေး အတွက် အသုံးဝင်တဲ့ အတွက် အခက်အခဲမရှိတော့ပါဘူး။ စာရင်း ၁၀ခုမှာ ဒီတစ်ခုပဲ အသုံးဝင်တယ်။
အကြံပြုချက် - ၁. အနည်းဆုံးMaster ထိရောက်အောင်သွားရမှာ ဖြစ်ပြီး License ရတဲ့ ထိ ကြိုးစားပါလို့ပြောပါရစေ။
၂. ဝင်ငွေ လမ်းကြောင်းနောက်တစ်ခု ကို ရှာထားသင့်ပါတယ်။
9. Drama and Theatre Arts
ပြဇာတ်နှင့် သရုပ်ဆောင်မူပညာ
သင်ရိုးညွှန်း ကိုဖတ်ပြီး တခြားသူကို သင်ပြရတာဖြစ်တော့ ခက်ခဲပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်ဖို့ ဆိုတာ ငွေကြေး အသိုင်းအဝိုင်း ပါရမီ ပါမှ ဖြစ်တဲ့အတွက် ခက်ခဲပါတယ်။
အကြံပြုချက် - အကောင်းဆုံးကျောင်းတွေမှာသင်ယူနိုင်ရင်တော့ အဆင်ပြေမှာပါ။အဆက်အသွယ်ရှာနိုင်မှ ok မှာ
8. ဘာသာစကားဘာသာရပ်များ
YUFL ကျောင်းဆင်းတွေ လာ ပြောတော့မယ်။ မပြောနဲ့အုန်း ခဏလေး Admin ကိုယ်တိုင် English နဲ့ French ကို Major ယူထားတာပါ။ ၄ နှစ်လောက် တက်ရပြီး အများစုက စာပြန်သင်၊ Tour Guide လုပ် ၊ သံရုံးတွေမှာ အ လုပ်ဝင်ကြတယ်။ ဘာလို့စာရင်းမှာထည့်လည်းဆိုတော့ အချိန်ယူလွန်းလို့ပါ။ မြန်မာပြည်မှာတော့ Ok နေကြတယ်။
အကြံပြုချက် - သွားရမယ့်လမ်းကြောင်းတွေများတော့ ကိုယ်စိတ်ဝင်စားတာနဲ့ တွဲ ပြီး အလုပ်ရှာနိုင်ရင် တော်တော်အဆင်ပြေပါတယ်။ ဘာသာစကားအားသားချက်ရှိနေတော့ ။ Online course တွေနဲ့ သင်ယူသင့်ပါတယ် အခုချိန်မှာ
7. Communications
လူမူဆက်ဆံရေး လို့ပြောရမယ်ထင်တယ်။ နယ်ပယ်ကြီး က ကျယ်ပြန့်လွန်းတော့ ဘယ်သွားသုံးရမှန်းမသိဘူး။
အကြံပြုချက် - International Relation တို့ Public Relation တို့ကို ပိုအားပေးပါတယ်။ ယူခဲ့ပြီးပြီဆိုရင်လည်း IR , PR တို့နဲ့ ပြန်တွဲရင် အဆင်ပြေပါတယ်။
6. Photography
ဓာတ်ပုံပညာ လို့ အကြမ်းဖျင်းပြောရမှာပါ။ ဘွဲ့အနေနဲ့ မယူကြပါနဲ့လား ။ Online course တွေ Youtube တွေ မှာ technique တွေ ရှယ်သင်ပါဗျာ။ များများလေ့ကျင့်ပြီး ရိုက်ရင် ကောင်းသွားမှာ။
အကြံပြုချက် - ဘွဲ့ မယူပါနဲ့ ပိုက်ဆံတွေနှမြောလို့ပါ။ ကုန်မည့် ပိုက်ဆံကို studio လုပ်ပလိုက်
5 to 1 ကို အကြုံပြုချက်ပေးဖို့အဆင်မပြေဘူး
5. Fine Arts
Drama and Theatre Arts ထပ်အများကြီးဆိုးတယ်။ ဟိုဟာက မှ လူတွေနဲ့စကားပြောပြီး သရုပ်ဆောင်ဖြစ်သွားနိုင်သေးတယ်။ Fine arts က တော့ စာအုပ်ဝယ်ဖတ်ပြီး လေ့လာပါလို့
4. Archaeology / Anthropology
ဒီ ဘာသာရပ်ယူပြီး ရင် ငုတ်တုပ်မေ့မယ်။ မမေ့ချင်ရင် ရှေးဟောင်းရှာဖွေတူးဖော်ရေး တွေရှိတဲ့ နိုင်ငံတွေ ပြောင်းနေမှရမယ်။
3.Art History
Admin အကြိုက်ဆုံးလေးပါ။
အကြိုက်ဆုံးက တော့ Art ဘာသာရပ်တွေမှာ အခြေအနေအဆိုးဆုံးပါ။
Art ကိုသင်တာမဟုတ်ပဲ အနုပညာ သမိုင်းကြောင်းကိုသင်တာဆိုတော့ စာအုပ်ထူထူယူပြီး အိပ်ဖို့ပဲကျန်တော့တယ်။
2. Religious Studies
ဘာသာရေးကိုလေ့လာတာ ဆိုတော့ ဘာပြောရမလဲ ပြောလဲမပြောရဲဘူး။ အလုပ်ရဖို့က တော့ အင်း.......
Admin ကိုယ်တိုင် ဘာသာရေး ခြောက်မျိုးလောက်ထိ လေ့လာဖူးတယ် ။ ဘွဲ့တော့ မယူရဲဘူး ။ ပိုက်ဆံမရဘူး အလုပ်က မရှိသလောက်ရှားတယ်။ ကျန်တဲ့ အရာတွေ ပြောစရာတွေရှိပေမယ့် ထိပါးလွယ်လို့ Academic နဲ့ မဆိုင်တော့ မပြောတော့ဘူး။
1. Gender Studies
ကျား မ လိင်ခွဲခြားမူ ဘာသာရပ်ဘွဲ့
နိုင်ငံရေးသမားတွေ ပြောပြောနေပြီး တကယ်တမ်း အဲဒီသူတွေ တစ်ယောက် မှ
Gender Studies နဲ့ ဘွဲ့မယူဘူး။ အတိုက်အခံ အလုပ်ရဆုံးသော Problem ဖြစ်နေတော့ နိုင်ငံတိုင်းလိုအပ်နေတယ်။ ဖြေရှင်းဖို့ကို အလုပ်တော့ ဘယ်သူမှ မခန့်ဘူး။ Intern တော့ ခေါ်တယ် ။
ရေးခဲ့တာတွေ အကုန်လုံးနီးပါးက online မှာ အလကားရနေတာပါ။မဟုတ်တောင် သင်တန်းကြေးနည်းနည်း နဲ့ သင်ယူလို့ရနေတာပါ။ နိုင်ငံခြားမှာ သွားမသင်ပါနဲ့ ။ (Psychology ကလွဲရင်)
ဆိုတော့ အရင် Demanding job list ဆိုပြီး နိုင်ငံတကာမှာ ရှာကြည့်ပါ။
Peace
A
P.S. ဝင်ငွေကောင်းတဲ့ဘာသာရပ်တွေ အကြောင်းရေးပေးပါမယ်။ Soon....
Comments