top of page

ဘယ်ဘာသာယူရမလဲ?

ဘယ်ဘာသာယူရမလဲ? ဝါသနာပါတာ မသိလို့ ? ဝင်ငွေကောင်းတာ ဘယ်ဘာသာရပ်တွေလဲ ? ယူထားတဲ့ဘွဲ့ နဲ့ ဘယ်လမ်းဆက်လျှောက်လို့ရလဲ? ဘွဲ့ရပေမဲ့ ဝါသနာမပါဘူး ဘွဲ့ရပြီးအလုပ်မရဘူး။ ဘာဆက်လုပ်ရမလဲ ?

ဆိုပြီး မေးခွန်းပေါင်းများစွာ လာမေးပါတယ်။

အဖြေက တစ်ခုပဲရှိတယ်။ စိတ်မကောင်းဘူး ဖြေရမှာ ဘဝက အခြေအနေမပေးရင်

ပိုက်ဆံရတဲ့အလုပ်ကို လုပ်ပါ။ ဝါသနာပါတဲ့ အလုပ်ကို ဒုတိယ လုပ်ပါ။


Success stories တွေက ခွန်အားရပေမယ့် လက်တွေ့ဘဝ က ချက်ချင်းရင်ဆိုင်ရတာပါ။

( Admin ကိုယ်တိုင် ဒီလိုပဲ လုပ်နေရတာပါ။ ငွေနောက်အရင်လိုက်ရတယ်။ ဝါသနာ ပါတာနောက်မှလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတယ်။ )

ဥပမာ - ငွေကြေးအတွက် business ပိုင်းမှာ လုပ်နေရတယ်။ တကယ် တမ်း ကိုယ်က ဆရာဖြစ်ချင်တာ ဒါဆိုရင် စာသင်ချင်တာလား ? ဆရာဖြစ်မှကျေနပ်မှာလား ကိုယ့်ကိုကို ပြန်မေးပါ။ ဘာစာစာ ဖြစ်ဖြစ်သင်လို့ရတယ်ဆိုရင် Business ပိုင်းရောက်ပြီးနေတော့ ပြန်ပြီး Mentor အနေနဲ့ လုပ်လို့ရတယ်။

ဥပမာ - အင်ဂျင်နီယာဖြစ်နေတယ်။ လုပ်ချင်တာက ဂီတသင်တန်းကျောင်းဖွင့်ချင်တာ ပြဒါးတစ်လမ်း သံတစ်လမ်းတွေ လုပ်လို့ရပါတယ် ငွေက အဓိကပဲ ကိုယ်က တကယ်ဝါသနာပါရင် လေ့လာနေပေါ့ ။ ပိုက်ဆံ မစုမိလည်း plan ချပြနိုင်ရင် ငွေရှင်ရှာပြီး အကောင်အထည်ဖော်လို့ရတယ်။ ငွေရှိပြီး ဘာလုပ်ရမှန်းမသိဘူး ဆိုတော့ သူတွေအများကြီး..


အပေါ်က မေးခွန်းတွေအတွက် ဘာသာရပ်တွေနဲ့ ပတ်သတ်ပြီး Rank စီကြည့်မယ်။

S A B C D F

Tier ခြောက်မျိုးရှိမယ်။


S အကောင်းဆုံးကနေ F အခြေအနေ မကောင်းတဲ့ နေရာထိ

ဘယ်ဘာသာရပ်ကိုမှ ထိခိုက်လိုတဲ့ စိတ်မရှိပါဘူး ။ စံနှုန်းတွေနဲ့ လက်ရှိဖြစ်နေတာကို Survey လုပ်ထားတာပါ။


S - Health Related Degrees

Registered Nurse ဆိုရင် နိုင်ငံတိုင်းလိုလို Demand ရှိပါတယ်။ ဘာသာရပ်တိုင်းဝင်ငွေနဲ့ အချိန်ကုန်တာ မတူတော့ သေချာလေ့လာပြီးမှ တက်ပါ။ Overall အနေနဲ့ ကျန်းမာရေးဆေးပညာရပ်တွေက အခြေအနေကောင်းတယ်။


S -Information Science / Information Technology/ Computer Science

မကောင်းတဲ့ အချက်မရှိ ဝင်ငွေ အရမ်းကောင်း နေရာတိုင်းကို ITဝင်လာတော့ အလုပ်မရှားတော့ဘူး။


A- Business majors ဝင်ငွေကောင်းတယ်။ အလုပ်မရှားဘူး။ Accounting ဘာသာရပ်ဆိုဝင်ငွေကောင်းတယ်။ ဒီမှာလည်း မဆိုးပါဘူး။

A- Economics

Business အုပ်စု ဆိုပေမယ့် အတွေ့အကြုံရှိမယ် ဆိုရင် ဝင်ငွေကောင်းတယ်။ ဘဏ်တွေ start up တွေ လုပ်ငန်းတွေမှာ အကြံပေးအနေနဲ့ လုပ်ကိုင်နိုင်တယ်။

A- Engineering အင်ဂျင်နီယာ ဘာသာရပ်တိုင်းကို မဆိုလိုဘူး။ တချို့က ဝင်ငွေအရမ်းကောင်းတယ်။S tier ထဲမှာပါတယ်။ တချို့က ပုံမှန်လောက်ပဲ ။


B- Maths - တော်တော်များများMaths မကြိုက်ဘူး။ ကြိုက်တဲ့သူတွေကျဘွဲ့ပါယူတယ်။ Maths နဲ့ အလုပ်က မလွယ်ဘူး။ပိုက်ဆံရချင်ရင်တော့ computer science ဘက်သွား Algorithms တွေဖန်တီးမယ် ဖြေရှင်းမယ်။ အတွက်အချက်ကောင်းတဲ့သူတွေ အတွက်ပါ။Programming ဘက်လိုက်လည်းရတယ်။

B - Chemistry/ Biology

Health related Science Related အလုပ်တွေမှာ ဝင်လုပ်လို့ရတယ်။ Master ကို Life Science ဘာသာရပ်ခွဲတွေထဲက ပြန်ယူပါ။


C- Education- ပညာရေးဘွဲ့

ရင်နာစရာ ကောင်းတာက လစာ မကောင်းဘူး ။ သင်တန်းကျောင်းဖွင့်မှကိုက်မယ်။ south korea မှာ ကျောင်းဆရာ ဆရာမ တွေရဲ့လစာက ဆရာဝန်တွေ ​ ရှေ့နေတွေ နဲ့ တန်းတူပဲ လစာကောင်းတယ်။ အရေးအပါဆုံးသူတွေဖြစ်လို့ အစိုးရတိုင်း လစာ မြှင့်ပေးသင့်ပါတယ်။

C - Psychcology

Bachelor မှာ ရပ်နေတဲ့သူတွေ Master မရရအောင်တက်ပါ။ Intern volunteer လိုက်လုပ်ပါ။ ဒီတိုင်းဆိုရင်တော့ အလုပ်မလွယ်ဘူး။ ပညာရေးကို ဆက်လျှောက်ရင် လျှောက် မလျှောက်ရင် တော့ အလုပ်ပြောင်းပါ။ လူတွေအတွက် အရေးပါဆုံးသော ဘာသာရပ်ဖြစ်နေပေမယ့် Master PhD ထိ plan မချထားရင် စိတ်ညစ်ရမှာပါ။

C - History

ဝင်ငွေပုံမှန်ပါပဲ ။ အလုပ်တော့ ရှာရမယ်။


D - Language Studies- ဘာသာစကား ပညာရပ်

မြန်မာပြည်က သူတွေကလည်တယ်။ အလုပ်ရှာတတ်တယ်။ တစ်ခုပဲ ပညာရပ်နောက်တစ်ခု သင်သင့်တယ်။ ဥပမာ ကိုးရီးယားနဲ့ကျောင်းပြီးတယ်။အကောင်းဆုံး က ကိုးရီးယား company တွေမှာ အလုပ်ဝင်လုပ်တယ်။ ကိုရီးယားထပ်သွားပြီးပညာသင်တယ်။ဟိုမှာ အလုပ်လုပ်တယ်။


D- Anthropology / Archeology စိတ်ဝင်စားစရာကောင်းပေမဲ့ အလုပ်ရှားတယ်။အလုပ်ခန့်မယ် မင်းဒီဘာသာရပ်ယူ ဆိုပြီးပြောရင်တော့ တက်ပေါ့။


F - Drama / Fine Arts

ချမ်းသာရင်တက်ပါ။ အနုပညာလိုင်းက များတော့ တစ်ခုရွေးပြီး Professional ဖြစ်တဲ့ အထိလုပ်ပါ။

F. Sociology အလုပ်ရှားတယ် ခန့်မယ့်သူမရှိ လာမည့်နှစ်တွေမှာ လည်း Demand က မရှိ

F - Studies ....

ဘာသာရပ်နောက်မှာ studies လို့ပါတာနဲ့ ဝင်ခွင့်လွယ်တယ်။လျှောက်တဲ့ သူတွေများသလို အလုပ်အကိုင်လည်းရှားပါတယ်။ ကျောင်းတွေ ရဲ့ ထောင်ချောက်ပါ။


Peace ,


A


Recent Posts

See All
ဘယ်ကျောင်း​ ​ ရွေးရမလဲ မသိဘူးဖြစ်နေတယ်??

ကျွန်တော် ဘာသာရပ်ရွေးတာကို နည်းနည်း ရှင်းပြပေးခဲ့ ပါတယ်။ အခု အရေးကြီးတာက မေးခွန်းတွေပါ။ တ​က်ချင်တဲ့ ဘာသာရပ်သိပြီ ။ ဘယ်ကျောင်း​ ​ ရွေးရမလဲ...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page