top of page

ဆယ်တန်း ဒီအမှတ်နဲ့ ဒီကျောင်းတက်လို့ရလား?

ဆယ်တန်း ဒီအမှတ်နဲ့ ဒီကျောင်းတက်လို့ရလား?

Group တွေမှာ ဒီမေးခွန်းကို လာမေးနေတာ တွေ့တာများလို့ message box မှာလည်းတွေ့တာများတယ်။

အခုတော့ ၁၂တန်းဖြစ်တော့ Uni တွေမှာ Foundation မလိုတော့တဲ့ သဘောပဲ။ ဘယ်လိုပြောင်းပြောင်းပါ။


နိုင်ငံခြားက Bachelor တွေကို တက်ချင်ရင် တက်မယ့်နိုင်ငံအလိုက် ကွဲသွားတာ သိဖို့လိုပါတယ်။နည်းနည်းသိသလောက်ရှင်းပြမယ်။မြန်မာဆယ်တန်းကို နိုင်ငံတော်တော်များများက အသိအမှတ်မပြုကြတော့ သင်တန်းတွေဆက်တက်ရရော။


USA

1.SAT or ACT ဖြေရမယ်။

SAT က English နဲ့ Maths ကို အသားပေးတယ်။ ကျောင်းအားလုံးနီးပါးလက်ခံတယ်။ ACT က Science ဘာသာရပ်တွေ တက်မယ်ဆိုရွေးပါ။

2. TOEFL or IELTS ဖြေရမယ်

US က TOEFL ဖြေရတာများတယ်။

3.Foundation course , Diploma, Certificate Program, Associate Degree စသည်ဖြင့် တက်ဖို့လိုရင် တက်ရမယ်။ ၁ နှစ်က နေ ၂ နှစ်လောက်ကြာတယ်။

ပြီးတော့ မှ လေးနှစ်တက်ရတဲ့ Bachelor ကိုသွားလို့ရမယ်။ ဆိုတော့ ဆယ်တန်းပြီးတာကနေစတွက်ရင် ပျမ်းမျှ ၂ နှစ်လောက် အချိန်ပေးမှ Bachelor တက်လို့ရမယ်။



UK

O Level , A level, GCSE , HNC ,HND ,Foundation စသည်ဖြင့် တက်ပြီးမှ UK bachelor ကို join လို့ရမယ်။ ဆယ်တန်းအမှတ်ကောင်းရင်တော့ လိုချင်မှလိုမယ်။ Bachelor က ၃ နှစ်လောက်ပဲကြာတယ်။ IELTS ဖြေရမယ်။


Europe

နိုင်ငံတိုင်းလိုလို Bachelor ကို သူတို့ဘာသာစကားနဲ့သင်တော့ စကားတတ်အောင်သင်ဖို့ ၃ နှစ်လောက်အရင်ကုန်သွားမယ်။ English လိုသင်တဲ့ Private ကျောင်း​တွေရှိပေမဲ့ စျေးကြီးတယ်။


China

GCSE လက်မခံဘူး။ O level , A level လက်ခံတယ်။ HSK level 4-6 လိုတယ်။


Japan

၁၂ တန်းပညာရေးနိုင်ငံဖြစ်လို့ မြန်မာ ကျောင်းသားတွေတက်ချင်ရင် Japan မှာ Foundation ပြန်တက်ရပါမယ်။


South Korea

TOPIK level 3 at least IELTS 5.5 at least TOEFL iBT 80

Australia, New Zealand

A level , IB diploma , Foundation program IELTS 5.5 or 6 at least


ဆယ်တန်းအမှတ်မကောင်းရင် အမှတ် ၅၀၀ မကျော်ရင် Bachelor ကို သူများနိုင်ငံမှာ တက်ချင်ရင် အနည်းဆုံး ၁ နှစ်က နေ ၂နှစ် လောက် ပြင်ဆင်ရမှာ ပုံသေလိုဖြစ်နေတယ်။


ဆယ်တန်းအမှတ်ရိုးရိုးနဲ့ တော့ private ကျောင်းအနည်းစုလောက်ပဲ လက်ခံလိမ့်မယ်။

အကောင်းဆုံး အကြံပေးရရင် Scholarship လည်း လျှောက်ဖို့ အမှတ်မမှီဘူး။ ငွေကြေး​လဲ မကုန်ချင်ဘူး။ အဲလောက်လည်း အချိန်မပေးချင်ဘူး ဆိုရင် မြန်မာ ပြည်က Uniတွေကို Day တက်ပါ။

Day ကနေတဆင့် Master ကို scholarship လျှောက်လို့လွယ်မယ့် ဘာသာရပ်တွေ မတူရင်တောင် ကူးလို့ရမယ့်လိုင်းတွေ အရင်လေ့လာပြီး မှ မြန်မာပြည်က Uni တွေကိုရွေးပါ။


Peace ,

A

Recent Posts

See All
ဘယ်ကျောင်း​ ​ ရွေးရမလဲ မသိဘူးဖြစ်နေတယ်??

ကျွန်တော် ဘာသာရပ်ရွေးတာကို နည်းနည်း ရှင်းပြပေးခဲ့ ပါတယ်။ အခု အရေးကြီးတာက မေးခွန်းတွေပါ။ တ​က်ချင်တဲ့ ဘာသာရပ်သိပြီ ။ ဘယ်ကျောင်း​ ​ ရွေးရမလဲ...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page