ကျောင်းစရိတ်မပေးရ/နည်း တဲ့ နိုင်ငံများနှင့်ကျောင်းများ
- Adrian Minus
- Oct 27, 2020
- 1 min read
ကျောင်းစရိတ်မပေးရ/နည်း တဲ့ နိုင်ငံများနှင့်ကျောင်းများ
နေစရိတ်ရှိပေမဲ့ ကျောင်းစရိတ် စျေးကြီးလို့ ကျောင်းစရိတ်နည်းတာ ရှာနေတဲ့သူတွေအတွက်ပါ။
1.Norway
အစိုးရကျောင်း Undergraduate ,Master,PhD အကုန်လုံးနီးပါး ပညာသင်ကြေးအခမဲ့ ပါ။ Register fees လောက်ပဲ ပေးရတာပါ။ Private နဲ့ တချို့ကျောင်းတွေက Tuition Fees ရှိပါတယ်။ English လိုသင်ပါတယ်။
အားနည်းချက်- နေစရိတ်ကြီးပါတယ်။ တစ်လ Euro 1000 လောက်ရှိပါတယ်။
2.Austria
ကျောင်းစရိတ် semester တစ်ခုကို Euro 730 လောက်ပျမ်းမျှရှိပါတယ်။မြန်မာငွေနဲ့ဆို ၁၁ သိန်းလောက်ပါ။German ဘာသာစကားတတ်မှ အဆင်ပြေမှာပါ။
နေစရိတ် ပျမ်းမျှတစ်လ - Euro 800
3.Germany
ကျောင်းတော်တော်များများ Tuition fees က တစ်နှစ်လုံးနေမှ Euro 1500 မြန်မာငွေနဲ့ဆို ၂၅ သိန်း ဝန်းကျင်ရှိပါတယ်။ Free Tuition fees ပေးတဲ့ Uni တွေလည်းအများကြီးပါ။ German စကားတတ်ရင် DAAD scholarship လျှောက်သင့်ပါတယ်။ PhD သမားတွေဆိုရင် တစ်နှစ်လုံးမှ မြန်မာငွေ ၄၊ ၅သိန်းပဲကုန်ပါတယ်။
နေစရိတ်ပျမ်းမျှ တစ်လ - Euro 600 -800
4.Finland PhD အတွက်Free tuition fees
နေစရိတ်ပျမ်းမျှ- Euro 700-900
5.Sweden Universities တော်တော်များများ Scholarship ပေးတာများပါတယ်။ PhD အတွက် Free ပါ။
နေစရိတ်ပျမ်းမျှ- Euro 800-1000
Europe နိုင်ငံတွေက US , UK , Australia , Singapore, Japan တို့နဲ့စာရင် ကျောင်းစရိတ် အရမ်းသက်သာပါတယ်။ တစ်နှစ်လုံးမှ ပျမ်းမျှအနေနဲ့ ၅သိန်းလောက်ကနေ သိန်း၅၀ လောက်ထိပဲရှိကြတယ်။ကျောင်းစရိတ် မပေးရတဲ့ နိုင်ငံနဲ့ကျောင်းတွေမှာ အဓိက အခက်အခဲရှိတာက ဘာသာစကားပါ။ မြန်မာပြည်မှာ UFLကျောင်းဆင်းတွေကလွဲရင် ဥရောပကို သိပ်မသွားကြဘူး။ သိတဲ့သူတွေကတော့ ရှာပြီး တက်ကြတယ်။ ပညာရေးအဆင့်အတန်းက အမြင့်ဆုံးမှာရှိတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် အနည်းဆုံးတော့ လေ့လာသင့်ပါတယ် မတတ်ချင်ရင်တောင်မှပေါ့။တရားဝင်တစ်ပတ်ကို နာရီ၂၀ အလုပ်လုပ်လို့ရပါတယ်။
Peace,
A

Comments