top of page

"The Kiss"

"The Kiss"




Artist: Gustav Klimt Dimensions: 1.8 m x 1.8 m Location: Belvedere Art form: Painting Created: 1907–1908 Periods: Art Nouveau, Symbolism, Modern art, Vienna Secession


အနမ်း ပန်းချီကား


ပန်းပွင့်လေးတွေ မြက်ခင်းစိမ်းတွေကြားမှာ ဒူးထောက်လျက် ပွေ့ဖက်နေတဲ့ ချစ်သူနှစ်ဦးကို ပုံဖော်ထားပါတယ်။

စပျစ်နွယ်တွေခေါင်းမှာရစ်ပတ်ထားပြီး ချစ်သူရဲ့ ပါးလေးကို ငုံ့နမ်းနေတယ်။ ပန်းလေးတွေပန်ထားတဲ့ ကောင်မလေးက ချစ်သူကို ပွေ့ဖက် ကာ ချစ်ရနံ့ ထုံသင်း သည့်အခိုက်အတန့်လေးကို မျက်လွှာချလျက် လွင့်မျောနေဟန် ။


အတွေးအမြင်


1903 ခုနှစ် အီတလီနိုင်ငံ Ravenna မြို့မှာရှိတဲ့ Byzantine ခေတ်လက်ရာ San Vitale ပန်းချီများကို နှစ်ကြိုက်စွဲလမ်းကာ Klimt အတွက် The Kiss ကို ရေးဆွဲ ပုံဖော်ဖို့အတွေးရခဲ့ပါတယ် ။

၀တ်ရုံလွှာ

ပန်းချီကို နှစ်ပိုင်းခွဲကာ ဆန်းစစ်ကြည့်လျှင် geometric ဆန်ဆန် လေးထောင့် အဖြူ အနက် တုံးလေးတွေဟာ ခွန်အား၊ ယောကျာ်းရုပ်သွင် ပီသဟန် တို့ကို ကိုယ်စားပြုပီး

ပန်းပွင့်များနှင့် စက်ဝိုင်းတို့ဟာ မိန်းမသားဆန်ခြင်း ၊ မိခင်စိတ်ရှိခြင်းတို့ကို ကိုယ်စားပြုပါတယ်။ပါးလွှာတဲ့ဝတ်ရုံခြုံလွှာကို နှစ်ဦးလုံး ဝတ်ဆင်ထားပေမဲ့ လိင်မူဆိုင်ရာအမြင်ကို အသားပေးဖော်ပြထားတယ်လို့ယူဆခဲ့ပါတယ်။


Kunstschau exhibition မှာ ပထမဦးဆုံး The Kiss ကို ပွဲထုတ်ခဲ့ပါတယ်။ လိင်မူဆိုင်ရာ ရုပ်ပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်ကြပြီး အရှုံးပေါ်ခဲ့ပါတယ်။


Belvedere Museum of Vienna, Austria ကနေ ပွဲမပြီးခင်မှာပဲ US $240,000 နဲ့ နိုင်ငံ့ရတနာအဖြစ်ဝယ်ယူခဲ့ပါတယ်။

Vienna မှာရောင်းထွက်ခဲ့သမျှ ပန်းချီကားများထက် ၅ ဆ များတဲ့ပမာဏဖြစ်ပါတယ်။


"The Kiss" ပန်းချီဟာ Klimt ရွှေရွက် များကပ်ပြီးဆွဲတဲ့ နောက်ဆုံးဆီဆေးပန်းချီကားဖြစ်ပါတယ်။


Translated by -Art 8


Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page