Café Terrace at Night
- Adrian Minus
- Oct 31, 2020
- 1 min read
စက်တင်ဘာလ အလယ် ၁၈၈၈ ခုနှစ် ပြင်သစ်နိုင်ငံ Arles မြို့ ညနေခင်း ကော်ဖီဆိုင်မြင်ကွင်း

Artist: Vincent van Gogh
Dimensions: 81 cm x 65 cm
Location: Kröller-Müller Museum
Created: September 1888–September 16, 1888
Medium: Oil painting
Periods: Post-Impressionism, Cloisonnism
Van Gogh ရေးဆွဲခဲ့တဲ့ Starry Night ပန်းချီကား Serie ထဲမှ ပထမဆုံး ပန်းချီဖြစ်ပါတယ်။
Café Terrace at Night , Starry Night Over the Rhône , Starry Night ဆိုပြီး ကြယ်ရောင်စုံညရူခင်း များကို ရေးဆွဲခဲ့ပါတယ်။
1891 ပထမအကြိမ်ပြပွဲမှာ " (Café, le soir) coffeehouse, in the evening " နာမည်နဲ့ပြသခဲ့ပြီး
" Café Terrace on the Place du Forum" နာမည်နဲ့လည်းခေါ်ဆိုကြပါတယ်။
ပန်းချီကားကို နှစ်ပိုင်းခွဲမြင်နိုင်ပေမဲ့ Coffee ဆိုင် အခြမ်းက ပုံရဲ့ အဓိက စိတ်ဝင်စားစရာ နေရာဖြစ်နေပါတယ်။
မီးအဝါရောင်က ပန်းချီကို အတွင်းပိုင်းဆိုင်အလင်းရောင် အနေနဲ့ ထင်ရှားစွာ မြင်ရစေပြီး လမ်းပေါ်ကိုပါ မီးအလင်းရောင် လျှံကျနေတာတွေ့ရပါတယ်။
ပုံအလယ်မှာ မြင်းနဲ့မြင်းလှည်း ကို ခပ်မှိန်မှိန်မြင်ရပြီး လမ်းပေါ်ကကျောက်တုံးလေးတွေကို အပြာရင့် ၊ အစိမ်း ၊ ခရမ်းနဲ့ အဝါတောက်တောက်တို့ကို ခပ်ထူထူရေးဆွဲထားပါတယ်။
Van Gogh စိတ်အခြေအနေကို သူ့ရဲ့ ပန်းချီကားမှာသုံးတဲ့ အရောင်တွေနဲ့ ခပ်မှန်းတတ်ကြပါတယ်။ ဒီပန်းချီမှာတော့ စိတ်ငြိမ်နေတာ တွေ့ရပြီး သူ့ ညီမကို ရေးတဲ့စာတွေမှာလည်း သူ့စိတ်သဘောထားကို ပြောပြထားပါတယ်။
ကောင်းကင်က ကြယ်ပုံလေးတွေက နက္ခတ္တဗေဒ အရ တိကျစွာတည်ရှိနေတာကို တွေ့ရှိထားပါတယ်။
ဆိုင်ထဲမှာထူးခြားတဲ့ အချက်ရှိပါတယ်။ Leonardo Davinci ကို ဂုဏ်ပြုတဲ့အနေနဲ့ နောက်ဆုံးညစာစားပွဲ ပုံစံရေးဆွဲထားတယ်လို့ သုံးသပ်ကြပါတယ်။ ဆိုင်အလယ်က မတ်တပ်ရပ်နေတဲ့ သူ က ယေရူဖြစ်နိုင်ပြီး သူ့ပတ်လည်မှာ လူ ဆယ့်နှစ်ယောက်ကို အတိအကျ တွေ့ရပါတယ် ။
ဘုန်းကြီးဖြစ်ခဲ့ဖူးတဲ့ ဗန်ဂိုးတစ်ယောက် သူ့ညီကို ပန်းချီအကြောင်း ရေးတဲ့စာထဲမှာ ဘာသာရေးနဲ့ပတ်သတ်ပြီး ရေးဆွဲချင်နေတယ်လို့ ဖော်ပြထားပါတယ်။
"That doesn’t stop me having a tremendous need for, shall I say the word — for religion — so I go outside at night to paint the stars, and I always dream a painting like that, with a group of lively figures of the pals.”
ကော်ဖီဆိုင်လေးက အခုချိန်ထိရှိနေပြီး Café Van Gogh နာမည်နဲ့ Arles မြို့ရဲ့ လည်ပတ်စရာ နေရာလေးတစ်ခုဖြစ်နေပါတယ်။
Translated by Art8
Comments