Guernica
- Oct 31, 2020
- 2 min read
Guernica


Artist: Pablo Picasso Dimensions: 3.49 m x 7.77 m Created: April 26, 1937–June 1937 Locations: Paris (1937–1937), Museo Nacional Centro de Arte Reina Sofía Periods: Cubism, Surrealism Subject: War, Spanish Civil War, Suffering
သမိုင်းကြောင်းနောက်ခံ
1937 April 27 ရက်နေ့ Spain ပြည်တွင်းစစ်ကာလ
စပိန် မြောက်ပိုင်းအစွန်းရှိ Guernica ရွာ ငယ်လေးပေါ် နာဇီလေတပ်မှ စစ်လက်နက်ဗုံးများ ပေါက်ကွဲအားကို စမ်းသပ်သည့်အနေနှင့် လေယာဉ် ၂၅ စီးမှ တန်ချိန် ပေါင် ၁၀၀,၀၀၀ အားရှိ ဗုံးများကို ၃ နာရီကြာ စမ်းသပ်ဖောက်ခွဲခဲ့သည့်အတွက် ရွာရှိ ပြည်သူပေါင်း ၁၆၀၀ ကျော် သေဆုံးဒဏ်ရာရခဲ့ပါတယ် ။
ပန်းချီကားဖြစ်ပေါ်လာပုံ
1937 မေ ၁ ရက်နေ့မှာ ပါရီ မြို့ပေါ် မျက်မြင်သက်သေများစွာတို့၏ ထွက်ဆို မူများနှင့် Guernica ရွာ ဖျက်စီးသတ်ဖြတ်ခံရသည့် သတင်းများကို ပီကာဆို ဖတ်ရူခဲ့ရပြီး Guernica ပန်းချီကို ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပုံကြမ်းပေါင်း ၁၀၀ ကျော် ရေးဆွဲခဲ့ပြီး ၁ လမတိုင်မှီ မှာပဲ ရေးဆွဲဖို့ အလုပ်အပ်ထားတဲ့ Spanish Pavilion ဆီပန်းချီကားကိုအပ်နိုင်ခဲ့ပါတယ်။နည်းပညာအတွက် အဓိက ကျင်းပပြုလုပ်တဲ့ 1937 Paris World Fair မှာ ပန်းချီကားကို ပြသခဲ့တဲ့အခါမှာ အရေးစိုက်ခံရပြီး ကြည့်ရူသူအများစုကို ထိတ်လန့်စေခဲ့ပါတယ်။
1940 နှောင်းပိုင်း ပါရီကို ဂျာမန်တပ်များသိမ်းပိုက်ပြီးနောက် Nazi အရာရှိတစ်ယောက် ပီကာဆို ရဲ့ Studio ကို လာရောက်လေ့လာတဲ့အခါမှာ Guernica ပန်းချီကို ကြည့်ရင်း ပီကာဆိုကိုမေးပါတယ်။
အရာရှိ : "ဒါမင်းလုပ်တာလား " ပီကာဆို : " မဟုတ်ဘူး ။ မင်းတို့လုပ်ခဲ့တာ "
လှည့်လည်ပြသခဲ့ခြင်း
ပြပွဲအပြီးမှာတော့ စပိန်စစ်ဘေးခံရတဲ့ပြည်သူတွေအတွက် ရန်ပုံငွေရရှိရန် နှင့် စစ်ရဲ့ဆိုးကျိုးကို ပြသရန် နိုင်ငံတော်တော်များမှာ ၁၉ နှစ်ကြာ လှည့်လည်ပြသခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ New York မှာရှိတဲ့ Museum of Modern Art ( MOMA ) ကို ငှားရမ်းလိုက်ပါတယ် ။
ပီကာဆိုရဲ့ တောင်းဆိုမူ
ပြည်သူတွေလွတ်လပ်ရေးကို ခံစားရသည့်အချိန် ၊Democracy အခြေခံသည့် နိုင်ငံရေးတည်ငြိမ်မူကိုရသည့်အချိန်မှ Guernica ပန်းချီကားကို Spain ကို ပြန်ပို့ဖို့ MOMA ကို ပီကာဆိုက တောင်းဆိုခဲ့ပါတယ်။ 1981 မှာ တော့ Spain နိုင်ငံရဲ့ အမျိုးသားပြတိုက်တစ်ခုဖြစ်တဲ့ Reina Sofia ပြတိုက်ဆီကို Guernica ရောက်ရှိလာပါတယ်။
ဘာမြင်ရလဲ ?
ပန်းချီကားကို နားလည်ဖို့က တော်တော်လေးရှုပ်ထွေးပါတယ်။ ပုံကို ကြည့်လိုက်တာနဲ့ နာကျင်ခြင်းတွေနဲ့သေအံ့ဆဲဆဲ ပုံရိပ်တွေကို တွေ့နိုင်ပါတယ်။ ဘယ်ဘက်အစွန်းမှာတော့ အမျိုးသမီး တစ်ယောက် သူမရဲ့ သေဆုံးနေတဲ့ ကလေးကို ပွေ့ထားပြီး သောကနဲ့ပူဆွေးမူများကြောင့် အော်ဟစ်နေတဲ့ပုံရိပ်ကို တွေ့ရပါတယ်။
သူမရဲ့ ကပ်ရပ်ညာဖက်မှာတော့ ခေါင်းနဲ့ ကိုယ်တဝက်သာရှိတဲ့အဖြူရောင်ကျွဲကြီးကိုတွေ့ရပါတယ်။အပျက်အစီးတွေကြားမှာ ထိခိုက်ခြင်းမရှိတဲ့ သင်္ကေတတစ်ခုပေါ့ ။တော်တော်များများကတော့ ဖက်ဆစ်ဝါဒကို ကိုယ်စားပြုတဲ့ ပုံရိပ်လို့သုံးသပ်ကြပါတယ်။
သူမရဲ့ခြေရင်းမှာတော့ ဒဏ်ရာရနေတဲ့ လူတစ်ယောက် လက်မောင်းကဆိုးဆိုးရွားရွားထိခိုက်ထားပြီး ဓားအကျိုးတလက်ကို ဆုပ်ကိုင်ထားပါတယ်။သူ့ရဲ့ ဦးခေါင်းနဲ့လက်မောင်းတွေကိုသာမြင်ရပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကိုတော့ ပုံရိပ်တွေ ၊ အပိုင်းအစတွေနဲ့ ဖုန်းအုပ်ထားပါတယ်။
ပန်းချီကားအလယ်မှာတော့ ကြောက်လန့်နေတဲ့ မြင်းတစ်ကောင်ကို တွေ့ရပါတယ်။ကိုယ်ကို လှံစိုက်နေတဲ့ဒဏ်ရာကြောင့် နာကျင်စွာအော်ဟစ်နေပါတယ်။
ညာဖက်မှာတော့ မိန်းမသုံးယောက်ကိုတွေ့ရပါတယ်။တစ်ယောက်ကပြေးလွှားနေပြီး အပေါ်ဖက်မှာရှိတဲ့ မီးသီးကို ကြည့်နေတဲ့ မြင်ကွင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ မီးလောင်နေတဲ့အိမ်ကနေ ပြတင်းပေါက်ကတဆင့် မီးခွက်ကိုကိုင်ရင်းအပြင်ကိုလှမ်းကြည့်နေတဲ့ပုံဖြစ်ပါတယ်။
တတိယကတော့ လောင်မြိုက် ပျက်စီးနေတဲ့အဆောက်အဦး မှာပိတ်မိနေပုံရပြီး အော်ဟစ်နေပါတယ်။
မျက်လုံးတွေကမငြိမ်မသက် ၊ ပါးစပ်တွေကပွင့်နေပြီး လျှာတွေက ဓားမြှောင် နဲ့တူပါတယ်။
အရောင်ရွေးချယ်မူ
ပန်းချီကားမှာ အရောင်သုံးမျိုးလောက်ပဲသုံးထားပါတယ်။ခဲရောင် ၊အနက်ရောင် ၊အဖြူတို့က သတင်းအချက်အလက်နဲ့ ဓာတ်ပုံတွေကို ကိုယ်စားပြုတဲ့ အကြောင်းရင်းဖြစ်နိုင်ပြီးမျက်မြင်သက်သေရှုထောင့်ကနေရေးဆွဲထားခြင်းလည်းဖြစ်နိုင်ပါတယ်။အလယ်မှာရှိတဲ့ စာကြောင်းတွေက သတင်းစာစာရွက်ပုံစံရေးဆွဲထားပါတယ်။ပုံရိပ်ကို အသက်ဝင်စေပြီး လေးနက်ပြင်းထန်တဲ့ အဓိပ္ပါယ်ပေါ်စေဖို့ အဖြူနဲ့ အနက်ကို တလှည့်စီ သုံးထားတာ တွေ့နိုင်ပါတယ်။
သင်္ကေတရှာဖွေခြင်း
ဖြစ်နိုင်ချေရှိတဲ့ သင်္ကေတအမှတ်အသားကို ပန်းချီမှာ ရှာဖွေကြတဲ့အခါ အတွေးအမျိုးမျိုးဖြစ်ကြပါတယ်။ လူနှင့် တိရိစ္ဆာန် တွေရက်ရက်စက်စက်မတရားသတ်ဖြတ်ခံရတာကို ရေးဆွဲထားပြီး စစ်ရဲ့ ဆိုးကျိုးကြောင့် စပိန်နိုင်ငံတော် သမုဒ္ဒရာအောက်မှာ နာကျင်စွာသေဆုံးနစ်မြှုပ်နေရတဲ့ပုံရိပ်ဖြစ်တယ်လို့ Picasso ကရှင်းပြထားပါတယ်။
ပညာရှင်တချို့က မြင်းနဲ့ကျွဲ ကို အနက်ပြန်တဲ့အခါမှာ Republic ဘက်တော်သား (မြင်း) နဲ့ ဖက်ဆစ်ခေါင်းဆောင်Franco ရဲ့ စစ်တပ်(ကျွဲ) တို့ အားပြိုင်တဲ့ စစ်ပွဲလို့ကောက်ချက်ချကြပါတယ်။ ကျွဲက ရက်စက်မူနဲ့ အမှောင်ခြမ်းကို ကိုယ်စားပြုတယ်။
ရေးဆွဲသူက ဘယ်ဟာက ဘာပါလို့ ရှင်းပြနေရင် စာပဲရေးလိုက်တာပိုအဆင်ပြေတယ်။ ကြည့်ရှုသူကပဲ ကိုယ်နားလည်သလို အမြင်နဲ့ပဲ ယူဆရမှာပါ။" လို့ပီကာဆိုကပြောပါတယ်။
ကိုယ်မြင်သလို ခံစားရတာပေါ့လေ။
GUERNICA ပန်းချီကားဟာ 1937 ဖြစ်ရပ်ပေါ်အခြေခံပေမဲ့ အချိန်အတိုင်းအတာမဲ့တဲ့ စစ်ရဲ့ အဓိဌာရုံ ဆိုးကျိုးတွေကို ပြသနေဆဲပါ။
Translated by Art 8
Comments