top of page

The Girl with a Pearl Earring

The Girl with a Pearl Earring, 1665 by Johannes Vermeer




ရှားပါးသည့်ဝတ်ဆင်ပုံ ၊ကြည်လဲ့နေသည့်မျက်လုံး ၊

မပွင့်တပွင့် နှုတ်ခမ်းနှင့် ငေးကြည့်နေဟန်တို့မှာ

သူမကို အချိန်အတိုင်းအတာမရှိ အမှတ်ရနေစေမည့် အကြောင်းတွေပါ။


Artist: Johannes Vermeer

Dimensions: 44 cm x 39 cm

Location: Mauritshuis

Created: 1665

Period: Dutch Golden Age

Medium: Oil paint


Vermeer ၏ အကောင်းဆုံးပန်းချီကားများထဲက စိတ်ကူးယဉ် ဆန်သည့်မိန်းကလေးပုံဖြစ်သည်။

ပုလဲနားဆွဲနှင့် မိန်းကလေး ကို "Mona Lisa of the North" မြောက်ပိုင်းက မိုနာလီဇာ ဟု တင်စားကြသည်။

ကြည့်ရူသူကို ငေးကြည့်နေသည့်ဟန် မှာ မိုနာလီဇာ နှင့် ဆင်တူသည်။ ရှုထောင့်ပြောင်းကြည့်သော်လည်း

မျက်လုံးချင်းစုံစေသည့် အမြင်ကို ဖန်တီးထားသည်။


ရေးဆွဲဟန်


"Tronie" ဒတ်ချ် ဘာသာစကားနှင့် "မျက်နှာ" ဟု

အဓိပ္ပါယ် ရသည့် ရေးဆွဲဟန်မှာ ပုံတူပန်းချီထက် အဝတ်အစားနှင့် မျက်နှာအမူအရာကို အဓိက အသားပေးသည့် ရေးဆွဲသည့်ပုံစံဖြစ်သည်။


သက်ဝင်လှုပ်ရှားစေရန် နှုတ်ခမ်းတစ်ဖက်စီတွင်

အဖြူစက်လေးနှစ်စက်ရေးဆွဲထားသည်ကို သတိထားကြည့်မိလျှင်တွေ့နိုင်သည်။ ခေါင်းစည်းနှင့် အင်္ကျီပေါ်တွင် အလင်းရောင် ကျနေသည့်ပုံ၊ နူးညံ့သည့် အသားအရေ ရှိသည့် ဟန်ပေါ်စေရန် မိန်းကလေး၏

ဘယ်ဖက်ပါးပေါ် အလင်းရိပ် ညင်ညင်သာသာကျနေပြီး ညာဖက် ပါးနှင့် နားဆွဲရှိရာအမှောင်ရိပ် ရေးရေးပြေးထားသည်။


ပုလဲပေါ်တွင် အလင်းပြန်နေဟန် ကစားထားပြီး အနက်ရောင်အောက်ခံဆေးသုံးခြင်းဖြင့် ရုပ်ပုံကို သုံးဖက်မြင်ကြွတက်စေပြီး အပြာရောင်

ခေါင်းစည်းပေါ်အရိပ်ကျနေသည့်ဟန်ပေါ်စေရန် အနက်ရောင်တချို့ကို ရဲရဲသုံးထားသည်။


Dutch မှာ မတွေ့နိုင်တဲ့ ခေါင်းပေါင်း


Vermeer မှာ မိသားစုဝင်များစွာကိုထောက်ပံ့နေရပြီး ဆင်းရဲသော်လည်း မိန်းကလေးရဲ့ ထူးဆန်းတဲ့ ခေါင်းစည်း အရောင်ကိုသုံးတဲ့ ultramarine-toned အပြာရင့်ရောင်ဆေးကတော့ ဈေးတော်တော်ကြီးပါတယ်။ lapis lazuli အပြာရင့်ရောင်ရှိပြီး တန်ဖိုးကြီးသည့်

ကျောက်ဖြစ်သည့်အတွက် ပန်းချီကားတန်ဖိုးလည်းတက်သွားပါတယ်။


ဈေးနှုန်း


2004 ခုနှစ်မှာ သန်းပေါင်း 30 တန်နေပြီး Masterpiece ဖြစ်နေပေမဲ့ 1881 မှာ ဝယ်ယူ ခဲ့သူတွေကတော့ ယနေ့ခေတ်ယူရို 30 လောက်နဲ့ ဝယ်ယူခဲ့တာပါ။ နှစ် ၂၀၀ လောက်ကြာနေတဲ့ပန်းချီကားဟာ

တော်တော်လေးညစ်ပတ်နေခဲ့ လို့ ဈေးမရပေမဲ့ ဝယ်ယူခဲ့သူ

Victor de Stuers က ပန်းချီနားလည်သူဖြစ်နေတဲ့အတွက် Vermeer လက်ရာမှန်းသိခဲ့ပါတယ် ။ ပန်းချီကို ပြန်သန့်ပြီးနောက်မှာ

Vermeer ရဲ့ လက်မှတ် ‘IVMeer’ ဟာပြန်ပေါ်လာပါတယ်။နှစ်ရာစု များစွာ ပြုပြင်ထိန်းသိမ်းမူ နည်းများမှားခဲ့သည့်အတွက် ပန်းချီမျက်နှာပြင်တလျှောက်မှာ အက်ကွဲကြောင်းတွေရှိခဲ့သည်။


The Girl with many names


တူရကီ အဆင်ခေါင်းပတ် နဲ့ မိန်းကလေး လို့ ဦးစွာ နာမည်ပေးခံရပြီး နှစ် ၃၀ အကြာမှာတော့ ရှေးဟောင်းအဝတ်အစားနဲ့မိန်းကလေးလို့ အရောင်းစာရင်းတစ်ခုမှာရေးသားထားပါတယ်။

ခေါင်းဆောင်းနဲ့မိန်းကလေး ၊ ပုလဲနဲ့မိန်းကလေး အမျိုးမျိုး ခေါင်းစဉ်တပ်ခဲ့ရာမှ ၂၀ ရာစု အဆုံးမှာတော့ လက်ရှိနာမည်ဖြစ်တဲ့ "Girl with a Pearl Earring " ပုလဲနားဆွဲနဲ့မိန်းကလေး လို့ခေါ်တွင်သွားပါတယ်။

၁၉၉၉ မှာ စာရေးဆရာမ Tracy Chevalier ကနေ ပန်းချီကားနဲ့ ပတ်သတ်တဲ့ သမိုင်းနောက်ခံဝတ္ထုရေးသားခဲ့ပြီး"Girl with a Pearl Earring," နာမည်နဲ့ပဲ Hollywood က 2003 မှရုပ်ရှင်ရိုက်ခဲ့ပါတယ်။


Netherland နိုင်ငံရဲ့ အလှဆုံးပန်းချီကားအဖြစ် ၂၀၀၆ က သတ်မှတ်ခဲ့သည်။


Translated by -Art 8


much-is-the-girl-worth/

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page