top of page

The Birth of Venus ( ဗီးနပ်စ် နတ်သမီး မွေးဖွားခန်း )

ရေးဆွဲသူ - အီတလီ ပန်းချီဆရာ Sandro Botticelli (1445 - 1510) ခုနှစ် - 1485–1486 အရွယ်အစား - 172.5 x 278.5 cm ပန်းချီအမျိုးအစား - Early renaissance (Florentine painting) ပြတိုက် - Uffizi Gallery Florence , Italy အခန်းအမှတ် - Room 10-14 အသုံးပြုသည့် ပစ္စည်း - Tempera on canvas

Venus (အချစ် နှင့် အလှတရားနတ်သမီး )

ပင်လယ်ရေမြှုပ် မှမွေးဖွားပြီးနောက် Zephyr သို့မဟုတ် Aura တို့ရဲ့ လေညှင်းဖြင့် Cyprus ကျွန်းပေါ် သို့ ပို့ဆောင်ခံရကာ ပုလဲကဲ့သို့ ဖြူစင်သည့် ခရုခွံစီးကာ ရောက်ရှိလာသည် ။

နွေဦးနတ်သမီး Thallo (aka Hora of spring ) မှ ပန်းပွင့် များပါရှိသည့် ပုဝါလွှာကို Venus အတွက် လွှမ်းခြုံပေးနေပုံရသည်။

လေထဲတွင့် လွင့်ပျံနေသည့် နှင်းဆီပန်းဖြူများမှာ နွေဥတု ၏ အမှတ်သင်္ကေတ ဖြစ်သည် ။

ကျမ်းပြုစုသူ ပန်းချီဆရာ Giorgio Vasari ၏ ဖော်ပြချက်အရ Medici မိသားစု မှ Botticelli ကို ရေးဆွဲခိုင်းခဲ့ဟန်တူသည်။

Botticelli မှာVenus de' Medici (aka Aphrodite ) ရုပ်တု၏ ကိုယ်ဟန်မူအရာအတိုင်း ရေးဆွဲထားသည် ။Venus နတ်သမီး၏ ရွှေရောင် ဆံပင်များမှာ ကိုယ်ဟန်အလှကို ဖုံးကွယ်ထားပြီး နေရောင်ကြောင့် လင်းလက်နေသည်။

အီတလီ Euro 10 cent ပေါ်တွင် Venus မျက်နှာပုံကိုတွေ့နိုင်သည်။

Translated by -Art 8


Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page