top of page

South Korea မှာ ကျောင်းတက်မယ် အလုပ်လုပ်မယ် !!!

South Korea မှာ ကျောင်းတက်မယ် အလုပ်လုပ်မယ် !!!

International students တွေ ကို ၁၀နာရီ ကနေ ၃၅နာရီထိ တရားဝင် အလုပ်လုပ်ခွင့်ပေးထားပါတယ်။


Language training program တက်နေတဲ့သူတွေက ၆လ နောက်ပိုင်း မှ အလုပ်လုပ်ခွင့်ရှိပါတယ်။

တစ်ပတ်ကို ၁၀နာရီကနေ ၂၅နာရီထိ


Associate Degree, Bachelor, Master တက်နေတဲ့သူတွေက ကန့်သတ်ချက်မရှိ တစ်ပတ်ကို ၁၀နာရီကနေ ၃၅နာရီထိ


တစ်နာရီကို 8.6k KRW (7.2 USD )(မြန်မာငွေ ၉၀၀၀ ကျော်လောက် ) အနည်းဆုံးရတယ်။

ကျောင်းပြီးရင် 20k KRW (မြန်မာငွေ ၂၀၀၀၀ကျော်လောက်ရတယ်။)


အလုပ်လုပ်ချိန် ကွဲနေတာက

ကျောင်းပိတ်ရက်ရှည် ၊ တချို့ကျောင်းတွေ ရဲ့ ခွင့်ပြုချက်ကွာခြားမှု ၊TOPIK level ကွာခြားမှု​တို့ကြောင့် မတူတာပါ။


Visa အကြောင်း


အချိန်ပိုင်းအလုပ်လုပ်ဖို့လိုတဲ့ D-2 visa တွေ ကိုင်ဆောင်ဖို့က international students တွေ S-3 (part time employment ) visa ကို အရင်လျှောက်ရမှာပါ။


S-3 visa နဲ့ဆို bachelor တက်နေတဲ့သူက တစ်ပတ် ၂၅နာရီ လုပ်လို့ရပြီး


Master , Phd တက်နေတဲ့သူတွေက တစ်ပတ် နာရီ ၃၀ လုပ်လို့ရပါတယ်။


S-3 Visa လျှောက်မယ်ဆိုရင်


Passport Registration card Application form Part time Employment Confirmation form Recommendation letter for part time work Transcript Business Registration Document Contract TOPIK certificate တို့ နဲ့ လျှောက်ရပါမယ်။


D-4 visa


Korea language program တက်နေတဲ့သူတွေ အတွက်ပါ။ ၆လ သက်တမ်းပဲရှိပါတယ်။ ကျောင်းဆက်တက်ရင် တော့ visa သက်တမ်း​တိုးလို့ရပါတယ်။


Passport Visa application form Fees Verification of School Entrance or Enrollment

Financial Verification ( more than 5000 USD in domestic bank account)

Identification Verification


D- 4 visa နဲ့ ဝင်လာပြီး အလုပ်ခိုးလုပ်တာတွေများလို့ ၆လနောက်ပိုင်းမှ တရားဝင် လုပ်ကိုင်ခွင့်ပေးတာပါ။


ကျောင်းပြီး အလုပ်လုပ်လို့ရလား


D-2 visa (study visa) ကနေ D-10 Visa (Job Seeker Visa) ကိုပြောင်းရပါမယ်။

ကိုယ်နေတဲ့နေရာနဲ့နီးတဲ့ Immigration office မှာ သွားပြောင်းလို့ရပါတယ်။

Passport

Application form (Form No.34)

Accurate plan showing their activity in job search

Copy of education certificate in South Korea.

Application fees

Data system မှာ စစ်လို့ပေါ်ရင်တော့ စာရွက်တွေပြစရာမလိုပါဘူး။

ကျောင်းတက်ရင်း အလုပ်လုပ်လို့ရပါတယ်။

ကျောင်းပြီးလည်း visa ချိန်းပြီးအလုပ်ရှာလို့ရပါတယ်။


Peace ,


A

Recent Posts

See All
ဘယ်ကျောင်း​ ​ ရွေးရမလဲ မသိဘူးဖြစ်နေတယ်??

ကျွန်တော် ဘာသာရပ်ရွေးတာကို နည်းနည်း ရှင်းပြပေးခဲ့ ပါတယ်။ အခု အရေးကြီးတာက မေးခွန်းတွေပါ။ တ​က်ချင်တဲ့ ဘာသာရပ်သိပြီ ။ ဘယ်ကျောင်း​ ​ ရွေးရမလဲ...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page