top of page

Scholarship တွေဘယ်မှာရှာရမလဲ ?


ဒီမှာရှာပါ။

https://www.scholars4dev.com


Scholarship Page တွေ အကုန် ဒီက ပဲရှာတာပါ။ ကိုယ့်ဘာသာကိုယ်ရှာတော့ မြန်တာပေါ့ ။ မဟုတ်ရင်လိုက်မေးနေရတယ် ။


1. Level of study

Diploma, Bachelor, Master , PhD


အမျိုးအစားပေါင်း ၁၀မျိုးရွေးလို့ရပါတယ်။

2. Place of study

USA , Canada, UK , Australia , Europe , Asia

ရှာချင်တဲ့နိုင်ငံရှာလို့ရပါတယ်။


3. Field of Study တက်ချင်တဲ့ဘာသာရပ် ပေါင်းစုံကိုရှာလို့ရတယ်။


4. Deadlines

Jan - March Deadline April - June Deadline July - September Deadline October - December Deadline


**Deadline သိထားဖို့ အရေးကြီးပါတယ်။ ဘယ်လောက်ပဲပြင်​ဆင်ထားလည်း ရက်ကျော်သွားရင် နောက်နှစ်ရောက်သွားပါလိမ့်မယ်။**


**ကျွန်တော့် အတွေ့အကြုံအရပြောရရင် ပြင်ဆင်မူ နဲ့ အချက်အလက်ရှာဖွေနိုင်မှုက Scholarship ရဖို့ အသက်ပါပဲ။ စာတော်တဲ့ သူတွေပဲရတာမဟုတ်ပါဘူး။ အမှတ်တော့ ကောင်းရမှာပါ။ တော်တော်များများက Uni ကအမှတ်တွေကောင်းပြီး ဘယ်က စရမှန်းမသိလို့ မလျှောက်ကြတာများတယ်။ နှမြောစရာပါ။

Website တွေမှာ အချက်အလက်တွေကို ဖတ်ဖို့ အားနည်းသေးတယ်ဆိုရင် English ကို အရင်ကောင်းအောင်ကြိုးစားဖို့အားပေးချင်ပါတယ်။ မသေချာ တဲ့ ဒွိဟ ဖြစ်စေနိုင်တဲ့ မေးခွန်းတွေ Requirement တွေ တွေ့ရင်တော့ ​လျှောက်ဖူးတဲ့သူတွေ အတွေ့အကြုံရှိတဲ့သူတွေကို

သွားမေးသင့်ပါတယ်။ Page မှာ လာမေးလည်းရပါတယ်။

ကျွန်တော့်ဖြစ်စေချင်တာက မြန်မာ ကျောင်းသားကျောင်းသူတွေ ကိုယ့်ဘာသာ အချက်အလက်တွေ ရှာဖွေစေချင်တာပါ။ ရောက်နေတဲ့သူတွေအားလုံးက ​ပြင်ဆင်မှုကို နှစ်နဲ့ချီကြိုးစားခဲ့တဲ့သူတွေပါ။ အခုကျောင်းပြီး အခုလျှောက် အခု ရောက်ချင်မှလည်း ရောက်မှာပါ။ ရောက်ရင်တော့ကောင်းတာပေါ့။ အချိန်ပေးရတဲ့အတွက် ကိုယ်နဲ့ သူများနဲ့ မတူပါဘူး။

ကျောင်းပြီး အလုပ်လိုချင်တဲ့သူတွေ က မြန်မာပြည်မှာ အလုပ်လုပ်ပါ။ Working Experience က သူများနိုင်ငံမှာ ကျောင်းပြီးလည်း ကိုယ်က အလုပ်အတွေ့အကြုံရှိရင် Chance ပိုများပါတယ်။မဟုတ်ရင်တော့ အလုပ်ရှာရတာခက်ပါလိမ့်မယ်။

Page က စာလေးတွေ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။


Peace


A

Recent Posts

See All
How to Prepare Scholarships ?

Scholarship ရအောင်ဘာလုပ်ရမလဲ? ပညာလိုလားတဲ့ ကျောင်းသားကျောင်းသူတိုင်းအတွက် နိုင်ငံတကာပညာသင်ဆု ဟာ အိမ်မက်ပါပဲ။ အိမ်မက်ကို ဘယ်လို...

 
 
 
How to write a Recommendation Letter?

How to write a Recommendation Letter? ထောက်ခံစာ တွင်ပါရမည့် အချက်အလက်များ ကျောင်းအတွက်အလုပ်အတွက် ထောက်ခံစာတောင်းတဲ့အခါမှာ အဓိက...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page