How to write a Recommendation Letter?
- Adrian Minus
- Oct 24, 2020
- 1 min read
How to write a Recommendation Letter?
ထောက်ခံစာ တွင်ပါရမည့် အချက်အလက်များ
ကျောင်းအတွက်အလုပ်အတွက် ထောက်ခံစာတောင်းတဲ့အခါမှာ အဓိက အချက်သုံးချက်ရှိပါတယ်။
၁. ညွှန်းခံရသည့် ကျောင်းသား/သူ ဝန်ထမ်း အကြောင်းကို ဘယ်လောက်သိလဲ ၊ သိခဲ့တာအချိန် ဘယ်လောက်ကြာပြီလဲဆိုတာကို စာပိုဒ် သို့မဟုတ် စာကြောင်း နဲ့ ရှင်းပြဖို့လိုပါတယ်။
၂. ထိုသူ ၏ အရည်အချင်း၊ ကျွမ်းကျင်သည့် ပညာရပ်များ ဘာသာရပ်များ ကို အသေးစိတ်ဖော်ပြသည့်အခါ ဥပမာ ကောင်းတစ်ခုနှင့် ရေးသားပေးဖို့လိုပါတယ်။
၃. ဘာကြောင့်သူ့ကို ထောက်ခံပေးရလဲ ဆိုတာကို အကျဥ်းချုပ်ရေးသားပေးရပါမယ်။
ဘယ်သူတွေ Recommendation letter လိုလဲ?
ကျောင်းသားတိုင်း ဝန်ထမ်းတိုင်း ကျောင်းလျှောက်မယ်ဆို လိုအပ်ပါတယ်။
ဥပမာ - စီးပွားရေးကျောင်း MBA program ကို လျှောက်မယ်ဆိုရင် ထောက်ခံစာ ၂ခု ၃ခု လောက်လိုပါတယ်။
ထိုသူက စီးပွားရေး ပညာရပ်များ သို့မဟုတ် ကျောင်းပညာရပ်များတွင် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြောင်း ထို့ကြောင့် ယခု လျှောက်ထားမည့် စီးပွားရေးကျောင်း တွင်လည်း ထူးချွန်မည့်ကျောင်းသား ဖြစ်မည့်ကို ယုံပါကြောင်း ရေးသားဖော်ပြဖို့လိုပါတယ်။
**အမှတ်စာရင်းနဲ့ ပေးတဲ့ Merit Scholarship တွေဆိုရင် အမှတ်ကောင်းခဲ့တာတွေ လုပ်အားပေးလုပ်ခဲ့တာတွေ ထည့်ရေးပေးရပါမယ်။
**အလုပ်ရှာနေတဲ့သူတွေဆိုရင် အရင်အလုပ်မှာ ကောင်းမွန်တဲ့ ဝန်ထမ်းဖြစ်ခဲ့ကြောင်း ဘယ်ရာထူးမှာ အချိန်ဘယ်လောက်ကြာထမ်းဆောင်ခဲ့ကြောင်း အလုပ်တာဝန်တွေက ဘာတွေဖြစ်ကြောင်း ရေးသားဖော်ပြဖို့လိုပါတယ်။
(ကိုယ်က ရေးပေးရမယ့် သူဆိုရင်)
၁.တာဝန်ကြီးတဲ့အတွက် ထောက်ခံစာတောင်းရတဲ့ ရည်ရွယ်ချက်ကို သေချာမေးပါ။
၂. ဘယ်သူက ဖတ်မှာလဲ ?ဘယ်ကျောင်း၊ ဘယ်အလုပ်ကဖတ်မှာလဲ ? ဆိုတာ သိမှ ရေးပေးရတာ အဆင်ပြေပါလိမ့်မယ်။
၃. ကိုယ့်ကိုဘယ်အကြောင်းအရာတွေ ရေးစေချင်တာလဲ? ဥပမာ - ခေါင်းဆောင်မူအကြောင်းကို အသားပေးရေးစေချင်တာ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းကိုမသိထားဘူး ဆိုရင် ရေးရခက်ပါတယ်။
အလုပ်ခွင် နဲ့ ပတ်သတ်တဲ့ ကျင့်ဝတ်ဆိုရင် Team work တွေ ethic တွေ ထည့်ရေးရပါမယ်။
**အဖြစ်တတ်ဆုံးက ရေးခိုင်းလိုက်တဲ့သူ က မအားလို့ ကောင်းကောင်းမရေးပေးတာ ဆိုရင် သူ့ကို sign ထိုးဖို့ ပြောပါ။ ပြီးရင်ဆက်သွယ်နိုင်မယ့် Email ကို ထည့်ရေးခိုင်းပါ။ ဟိုဖက်က ပြန်စစ်ရင် အကြောင်းပြန်လို့ရအောင်ပါ။
Copy သိမ်းထားပါ။
စာမှာပါရမယ့်အချက်အလက်များ
စွမ်းရည် ( Leadership potential)
အရည်အချင်း ကျွမ်းကျင်သည့်နယ်ပယ် အားသားချက်များ (Skills, Field, Strengths)
အားကိုးအားထိုက်မှု (Dependability)
ဇွဲ ရှိမှု(Persistence)
ကြိုးစားလိုစိတ်ရှိမှု ( Motivation)
ကိုယ်ကျင့်စာရိုက် ( Character )
လုပ်အားပေးကူညီဆောင်ရွက်တက်မှု ( Contributions )( to class or community)
အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများ ( Accomplishments)
Recommendation letter ကို online က ကူးယူရေးသားတာမျိုး လုံးဝ မပြုလုပ်ပါနဲ့။ ရေးနည်းရေးဟန်ကို သာ အတုယူပါ။
ဒီ Format လေးကို အတုယူရေးနိုင်ပါတယ်။
1. Salutation ရေးသားမည့်သူကို သိပါက Dear Mr, Ms / Dr. [Name]
ယေဘုယျ ခေါင်စီးတပ်မည်ဆိုပါက To whom it may concern,
2. Introduction စာရေးရတဲ့ရည်ရွယ်ချက်ကို အရင်ဆုံးရေးပါ။ ဒီကျောင်းသား ကို ဘယ်လို သိကြောင်းရေးပါ။ အချိန်ဘယ်လောက်ကြာသိလဲဆိုတာရေးပါ။
3. Details လျှောက်မယ့် အလုပ် ၊ကျောင်း အတွက် ဘာကြောင့်သူ့ကို ထောက်ခံပေးရလဲ ဥပမာကို အရည်အချင်း စွမ်းရည် တို့ကို ထည့်ရေးပါ။အကြောင်းအရာနည်းနည်းပိုထည့်လည်းရပါတယ်။
4. Summary ထောက်ခံရသည့် အကြောင်းကို အကျဥ်းချုပ်ပြန်ရေးပါ။ " Highly recommend " Or " recommend ( name) without reservation for [ program / role]. စသည့် စကားစုလေးတွေထည့်ရေးပါ။
5. Conclusion ကျောင်သား ဝန်ထမ်းနဲ့ပတ်သတ်လို့ မေးစရာရှိခဲ့ရင် ဆက်သွယ်နိုင်ပါကြောင်း ထည့်ရေးပါ။
စာရဲ့ နောက်ဆုံးမှာ
စာဖတ်မည့်သူကို သိပါက "Yours Sincerely" မသိပါက " Your faithfully"
6. Sign the letter
လက်မှတ်ထိုးပါ။ နာမည်နှင့်ရာထူးကိုရေးပါ။ Email . Phone number ထည့်ရေးပါ။ Print ထုတ်မယ်ဆိုရင် နာမည်အောက်မှာ လက်မှတိထိုးပါ။
Recommendation Letter ရေးနည်းက ဒီလောက်ဆို ပြည့်စုံပါတယ်။
Peace ,
A
Comentarios