top of page

How to Prepare Scholarships ?


Scholarship ရအောင်ဘာလုပ်ရမလဲ?

ပညာလိုလားတဲ့ ကျောင်းသားကျောင်းသူတိုင်းအတွက် နိုင်ငံတကာပညာသင်ဆု ဟာ အိမ်မက်ပါပဲ။

အိမ်မက်ကို ဘယ်လို လက်တွေ့အကောင်အထည်ဖော်မလဲဆိုတာ ပြင်ဆင်ကြည့်ရအောင်။


1. အမှတ်စာရင်း Academic Transcript

ကျောင်းပြီးတော့ အမှတ်မကောင်းလို့ Scholarship လျှောက်လို့မရတော့ဘူးလား။ GPA ကအဓိက ဆိုပေမဲ့ အမှတ်မကောင်းလည်း လျှောက်လို့ရပါတယ်။


2. ဘာသာစကားကျွမ်းကျင်မူ

ဒီနေရာမှာ နိုင်ငံပေါ်မူတည်ပြီးကွဲပါတယ်။ အဓိက က English Proficiency skills ပါ။

IELTS AND TOFEL ကို အနည်းဆုံး 6.5 or 575 7 or 600 ဆိုရင်တော့ ကောင်းပါတယ် ။

ကိုယ့်ရဲ့ ကျွမ်းကျင်မူကလည်း ပညာသင်ဆုပေးရာမှာ စကားပြောပါတယ်။


3.Scholarship အမျိုးအစား

Scholarships တွေက အများကြီးရှိတဲ့အတွက် များများရှာနိုင်လေ တွေ့လေပါပဲ။Admin ပြောတာမယုံရင် Googleခေါက်ကြည့်

ကြည့်ရအောင်ဘယ်နှစ်မျိုးလောက်ရှိမလဲလို့ ၁.အစိုးရကပေးတဲ့ဆု ၂.အဖွဲ့အစည်းကပေးတဲ့ဆု ၃.ကျောင်းကလွှတ်တဲ့ပညာသင်ဆု ၄. Uniတွေက ပေးတဲ့ပညာသင်ဆု ၅.Merit based ပညာသင်ဆု

နှစ်မျိုးထပ်ခွဲတယ် ၁.Partial Scholarship ဒါက ကျောင်းစရိတ်လျော့ပေးတာတို့ နေစရိတ် စားစရိတ်ပေးတာတို့ တချို့တစ်ဝက်ဆီပဲ ထောက်ပံ့တာမျိုးပါ။ သူက တော်တော်များများနိုင်ငံတွေမှာ အများဆုံးတွေ့ရတဲ့ အမျိုးအစားပါ။

၂.Fully Funded Scholarship

ဒါကရှယ် ကျောင်းစာရိတ်လည်းပေးတယ်။ နေစရိတ်စားစရိတ်ပေးတယ်။အသုံးစာရိတ်ပေးတယ်။ လေယာဥ်ခ တောင်ပေးသေးတယ်။ သူက ရှိတော့ရှိတယ် ရှားတယ်။ Chevening တို့ Erasmus Mundus တို့ DAAD တို့လိုမျိုး လျှောက်တဲ့သူတွေတအားများပြီး အပြိုင်အဆိုင်ရှိပါတယ်။ထပ်ရှိသေးတယ်ရှာကြည့်ကြ။


4.ဘယ်လိုလျှောက်ရမှာလဲ

နှစ်မျိုးထပ်ခွဲတယ် ၁.University တွေက Scholarship ဆိုရင် ကျောင်းလျှောက်လွှာနဲ့အတူတူ တွဲတင်ရတယ်။ကိုယ်ဘာသာကိုတင်ရတာပါ။

၂.အစိုးရနဲ့အဖွဲ့အစည်းဆိုရင် သူတို့ကလျှောက်ပေးတယ်။ကိုယ့်ဖက်က ရေးစရာရှိတာတော့ရေးရပါတယ်။


5.ဘာသာရပ်ရွေးချယ်မူ

တချို့ကျောင်းတွေက သုံးခုလောက်ရွေးခိုင်းပါတယ်။ ကိုယ်အကြိုက်ဆုံးဘာသာရပ်ကို အရင်ရေးပါ။ပြီးမှ ဒုတိယအကြိုက်ဆုံး တတိယ စသည်ဖြင့်စီပြီး ရေးပါ။ သူတို့ဖက်က ရွေးပြီး ပြန်ပြော မှာပါ။


6. အက်ဆေး

မေးတဲ့မေးခွန်းကို သေချာနားလည်ဖတ်ပါ။ အချက်အလက်နဲ့ မှန်မှန်ကန်ကန် ရေးပါ။ စာလုံးရေချိန်ရေးပါ။ လက်တွေ့ကျတာမျိုးပဲရေးပါ။ ကိုယ့်နိုင်ငံအကြောင်းလည်းနည်းနည်းထည့်ရေးပါ။ သင်ယူခဲ့တဲ့ ဘာသာရပ်နဲ့လည်း ကိုက်ညီအောင်ရေးပါ။

Personal Statement အပိုင်းကျတော့ ကိုယ်က ပညာသင်ပြီးရင်ဘာလုပ်မှာလဲဆိုတာကိုရေးရတာပါ။ဒါလည်းလက်တွေ့ဆန်ရမှာပါ။ ချဲ့ကားလို့မရပါဘူး။ ပတ်ဝန်းကျင်ကို အကျိုးပြန်ပြုချင်တယ်ဆိုတာကို ရေးတာများပါတယ်။


7. Recommendation Letters

ဆရာ ဆရာမတွေဆီက ထောက်ခံစာပါ။

အရေးကြီးပါတယ်။ သူတို့တွေ Mail သုံးတတ်တဲ့သူတွေဖြစ်ရပါမယ်။ဟိုဖက်က mailပို့ပြီးလှမ်းမေးမှာပါ။ ကိုယ်ကျောင်းမှာ ဘယ်လိုတော်ခဲ့တယ်ဆိုတာကို သူတို့က လှမ်းcheckမှာပါ။

ရေးပေးတဲ့သူက ရာထူးကြီးစရာမလိုပါဘူး။ ကိုယ်နဲ့ လည်းခင်တယ် mail လည်းသုံးတယ် ကောင်းကောင်းလည်းရေးပေးတယ်ဆိုရင် okပါပဲ။ လျှောက်တဲ့ဘာသာရပ်ကို ပါထည့်ရေးခိုင်းပါ။ဒီကျောင်းသားက ဒီဘာသာရပ်ကို ဘယ်လိုဝါသနာပါကြောင်းဆိုတာကို တစ်ကြောင်းလောက်ပါရင်ကို အဆင်ပြေပါတယ်။ကျိုးကြောင်းတော့ ညီမှရမှာပါ။ တအားကြီးအမွှန်းတင်ရေးလို့မရပါဘူး။


8.(CV)

အလုပ်လျှောက်ရင်လိုတဲ့ CV formကိုပြောတာပါ။ Googleမှာ scholarship CV format ဆိုပြီးရှာကြည့်ပါ။

အချက်အလက်တွေပြည့်ပြည့်စုံရေးပါ။ အချိန်ကို ဘယ်တုန်းက စလုပ်ခဲ့တယ် နှစ် လ ရက်နဲ့ ရေးပါ။ လုပ်အားပေးတွေလည်းထည့်ရေးပါ။ လျှောက်မည့်ဘာသာရပ်နဲ့လုပ်ခဲ့တဲ့အလုပ် ညီရင် အကောင်းဆုံးပါ။ မတူလည်းရပါတယ်။


9.စလျှောက်လို့ရပါပြီ

စာရွက်စာတမ်းအချက်အလက်တွေစုံပြီဆိုရင် ApplicationForm ကို စဖြည့်နိုင်ပါပြီ။

******Deadline မကျော်ပါစေနဲ့****** ******ကိုယ့် Profileကိုအရင်ဖတ်မိအောင်စောစောပြင်ဆင်ပါ။******* Form တင်ပြီးရင် email စစ်ပါ။ လိုတဲ့စာရွက်ရှိခဲ့တယ်ဆိုရင်ချက်ချင်းအကြောင်းပြန်လို့ရအောင်ပါ။

10. Interview

Interview ပါတယ်ဆိုရင်ကိုယ်ကို အခွင့်အရေးပေးလိုက်ပါပြီ။ ရေးခဲ့တဲ့အကြောင်းအရာ ကို အင်တာဗျုုးမှာ ပြန်ဖြေရတတ်ပါတယ်။စိတ်အားထက်သန်မူ ရိုးသားမူကိုပြရမှာပါ။စိတ်အေးအေးထားပြီးဖြေပါ။ Interview အောင်ရင်တော့ Scholarship ကို ရသွားပါပြီ။

Adminရဲ့ အတွေ့အကြုံကိုနောက်မှရေးပေးပါမယ်။

Peace

A

Recent Posts

See All
How to write a Recommendation Letter?

How to write a Recommendation Letter? ထောက်ခံစာ တွင်ပါရမည့် အချက်အလက်များ ကျောင်းအတွက်အလုပ်အတွက် ထောက်ခံစာတောင်းတဲ့အခါမှာ အဓိက...

 
 
 
How to prepare Scholarship Interview ?

Interview ဖြေမယ့်နေ့ကို စိတ်အေးအေးထားဖို့ အရင်ဆုံးပြောချင်ပါတယ်။ Interview အဆင့်ရောက်တယ်ဆိုရင် ရွေးခံရဖို့ များပါတယ်။ မေးခွန်းမေးတဲ့ သူက...

 
 
 

Comentarios


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page