top of page

How to prepare Scholarship Interview ?

Interview ဖြေမယ့်နေ့ကို စိတ်အေးအေးထားဖို့ အရင်ဆုံးပြောချင်ပါတယ်။

Interview အဆင့်ရောက်တယ်ဆိုရင် ရွေးခံရဖို့ များပါတယ်။


မေးခွန်းမေးတဲ့ သူက ကိုယ့်ကို သဘောကျအောင် ​ဘယ်လို ဖြေမလဲ? Link share ပေးထားပါတယ်။


ပြင်ဆင်နည်းကို ၁၂ ချက်လောက် ပျမ်းမျှရှိပါတယ်။


၁. Scholarship လျှောက်ရင် လိုတဲ့ Requirement တွေပြန်ဖတ်ထားပါ။

ကိုယ့်မှာ သူတို့တောင်းတဲ့ အချက်အလက် ပြည့်စုံဖို့ကအဓိက ဖြစ်လို့ မေးလာခဲ့ရင်ပြန်ပြောနိုင်ဖို့အရေးကြီးပါတယ်။


၂. ကိုယ်ပေးခဲ့တဲ့ အချက်အလက်ကို ပြန်ထောက်မေးခြင်း

Essay , Motivation Letter တွေ ရေးပြီး မေ့လို့မရပါဘူး။ အဲဒီထဲက အကြောင်းအရာတွေကို ပြန်နွေးထားပါ။


၃.ပညာသင်ဆုပေးမယ့် အဖွဲ့ အစည်းအကြောင်းဖတ်ထားပါ။

Mission , Values Statements တွေ သိဖို့ website က About Us ကို ဖတ်ထားပါ။ ကိုယ်ဖြေရင် နည်းနည်းလောက်လေးထည့်ပြောပါ။


၄.လေ့ကျင့်ဖို့ လိုပါတယ်။

ကျွန်တော် လူ ၁၂၀ကျော်လောက်ကို Interview လုပ်ဖူးပါတယ်။ သူတို့ရဲ့ အဓိကလိုအပ်ချက်က ပြင်ဆင်မူအားနည်းခြင်းပါ။ အလုပ် Interview တွေလိုပါပဲ မေးခွန်းတွေကို ​ဖြေးဖြေးနဲ့ မှန်မှန် ဖြေနိုင်ဖို့ လိုပါတယ်။


၅.အဝတ်အစားရွေးချယ်ခြင်း

အိမ်မှာနေပြီးဖြေရပေမယ့် သပ်သပ်ရပ်ရပ်လေးဝတ်ဆင်ထားဖို့လိုပါတယ်။ Formal Coat တွေ Blouse တွေ ဝတ်ချင်လည်းဝတ်ပါ။ မဝတ်ချင်လည်း ရပါတယ်။ အပေါ်အောက်ဝတ်စုံက ညီဖို့လိုပါတယ်။ ရုတ်တရက် ထ ရပ်ရမယ်ဆိုရင် Impression မကျအောင်ပါ။ ခြေအိတ် ဖိနပ်စီးထားပါ။ Formal ဝတ်ဆင်ထားခြင်းဟာ လေးစားမူကို ပြသတဲ့ အမူအရာဖြစ်လို့ တစ်ဖက်က ကိုယ်ကိုသဘောကျစေပါတယ်။


၆. Computer ကို စစ်ဆေးပါ။

Facetime , Zoom, Skype software တွေကို စမ်းသုံးထားပါ။ Account Log in ဝင်မရတာ Password မေ့တာ မှားတာတွေ ဖြစ်တတ်ပါတယ်။Webcam ,Microphone,Speaker Camera ဝါးနေတာ ကြိုးပြုတ်နေတာ အသံမကြည်တာ တစ်ဖက်က အသံမကြားတာ Appointment အချိန်ရောက်လို့ Technical Problem ရှိရင် ဟိုက မစောင့်ပါဘူး ရက်ပြန်ချိန်းရင် ချိန်း မချိန်ရင် ဖြုတ်သွားပါလိမ့်မယ်။ တစ်စုံတစ်ခု ဖြစ်ခဲ့လို့ Interview မဖြေရရင် Mail ပို့ပြီးတောင်းပန်ပါ။ အကြောင်းအရာကိုရှင်းပြပြီး ရက်ချိန်းပြန်ယူပါ။ ကျွန်တော်ဆို နှစ်ခါ ရက်ချိန်းပြန်ယူရပါတယ်။ အသေးအဖွဲဆိုပေမယ့် ဂရုပြုစေချင်ပါတယ်။


၇. နေရာ ပြင်ဆင်ခြင်း

မီးအလင်းရောင် နေအလင်းရောင် အခန်းထဲမှာ ရဖို့လိုပါတယ် ။ ကိုယ့်ကို သေချာမြင်နေရဖို့လိုပါတယ်။ Camera က လှမ်းကြည့်ရင် မြင်ရနိုင်တဲ့ Poster တွေ ဓာတ်ပုံတွေ မသင့်တော်တာတွေ အမြင်ရှုပ်စရာရှိတာတွေဖယ်ပါ။ ကိုယ့်နောက်မှာ နံရံပဲရှိနေတာ အကောင်းဆုံးပါ။


၈. ၁၀ မိနစ် ကြိုပြင်ဆင်ပါ။

အခုဖွင့် အခုဖြေတာမျိုး မလုပ်ပါနဲ့။ ဟိုဖက်က စောင့်နေရတာမျိုး မဖြစ်ပါစေနဲ့။ Phone Number , link , Log in number တွေကို ၅ မိနစ်လောက်ကတည်းချိတ်ထားပါ။


၉. မျက်လုံးချင်းစုံပါ။

လူချင်းတွေ့နေရသလို မျက်လုံးချင်းစုံမိအောင် Camera ကို ကြည့်ပါ။ Screen ပုံက သူ့ကို ကြည့်တာက ဟိုဖက်မှာ မျက်နှာလွှဲသလိုဖြစ်နေပါတယ်။


၁၀. Online ပေါ်က အဖြေရှာခြင်း

ကိုယ်မသိတဲ့အကြောင်းအရာကို မေးခဲ့ရင် Online က အဖြေမရှာပါနဲ့ ။စာရိုက်နေတာကို မြင်ရပါတယ်။ အသံမကြားရတော့တာ ၊ line မကောင်းတဲ့ပုံစံတွေ မလုပ်ပါနဲ့ ။


၁၁. ဖြည်းဖြည်းနဲ့ မှန်မှန်ပြောပါ။

မေးလာတဲ့မေးခွန်းကို အသံကြည်ကြည်လင်လင် နဲ့ ဖြေပါ။ အမြန်မဖြေပါနဲ့။ Microphone , Speaker တွေက အသံမကောင်းရင် တောင် အသံကြည်နေဖို့ လိုပါတယ်။


၁၂. Notifications တွေ Off ထားပါ။

တိန်တိန်တိန် နဲ့ အာရုံနောက်ပါတယ်။ Interview က လွဲရင် ကျန်တာတွေပိတ်ထားပါ။ Silent mode ပြောင်းထားပါ။


နောက်ဆုံးအချက်

Be Yourself

Interview ရောက်လာပြီဆိုကတည်းက Application form ကောင်းလို့ရောက်လာတာပါ။ Interview ကို ကောင်းကောင်းဖြေပြီး Scholarship ကို ယူလိုက်ပါ။

Peace

A

Recent Posts

See All
How to Prepare Scholarships ?

Scholarship ရအောင်ဘာလုပ်ရမလဲ? ပညာလိုလားတဲ့ ကျောင်းသားကျောင်းသူတိုင်းအတွက် နိုင်ငံတကာပညာသင်ဆု ဟာ အိမ်မက်ပါပဲ။ အိမ်မက်ကို ဘယ်လို...

 
 
 
How to write a Recommendation Letter?

How to write a Recommendation Letter? ထောက်ခံစာ တွင်ပါရမည့် အချက်အလက်များ ကျောင်းအတွက်အလုပ်အတွက် ထောက်ခံစာတောင်းတဲ့အခါမှာ အဓိက...

 
 
 

Σχόλια


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page