top of page

Facts about Musée du Louvre






Musée du Louvre သည်ကမ္ဘာပေါ်တွင်အကျော်ကြားဆုံးပြတိုက်များထဲမှတစ်ခုဖြစ်သည်။ ကျွမ်းကျင်စွာထွင်းထုထားသည့် Venus de Milo နှင့် Winged Victory at Samothrace ပန်းပုလက်ရာများ မှ Vermeer နှင့် Caravaggio တို့ရဲ့ အလွန်လှပသိမ်မွေ့သောလက်ရာပန်းချီကားများအထိ Louvre သည်အနုပညာသမိုင်းတစ်လျှောက်တွင်အဖိုးမဖြတ်နိုင်သည့်ပန်းချီကားများစွာတို့၏ နန်းတော်ကြီးလည်းဖြစ်သည်။ Louvre ရဲ့ လူသိနည်းတဲ့ အချက် (၁၃) ချက် ရှိပါတယ်။


(၁) Louvre ပြတိုက်ဟာ ပြတိုက် မဟုတ်ပါဘူး

၁၁၉၀ ခုနစ်က ပါရီမြို့ကို ကာကွယ် ဖို့ ခံတပ်အနေနဲ့ ဘုရင် Philip II က ဆောက်လုပ်ဖို့ စတင်ခဲ့ပါတယ်။ ၁၄ ရာစုမှာတော့ Charles V လက်ထက် ကစလို့ တော်ဝင်နန်းတော်ဖြစ်ခဲ့ပါတယ် ။

၁၆ ရာစု မှာတော့ အလယ်ခတ်(Medieval) လက်ရာကို ဖြိုဖျက်ပြီး ပိုမို ခမ်းနားသည့် Renaissance လက်ရာ ကို Francis I လက်ထက်မှာ ပြန်လည် တည်ဆောက်ခဲ့ပြီးနန်းတော် အဖြစ်ဆက်လက် အသုံးပြုခဲ့ပါတယ် ။

ပြင်သစ်တော်လှန်ရေး ၁၇၉၃ ပြီးနောက်မှာတော့ Louvre ဟာ ပြတိုက် အဖြစ် ပြောင်းလဲခဲ့ပါတယ်။


(၂) စီးပွားရေးနှင့် ဘဏ္ဍာရေး ဌာန အဖြစ် Richelieu အဆောင် ကို အသုံးပြုခဲ့ခြင်း

၁၉၈၉ မတိုင်မှီ ထိ အခွန်အခများကို Louvre မှာ ဆောင်ရွက်ကြပါတယ်။ President François Mitterrand လက်ထက်မှာ ပါရီမြို့ အရှေ့ဘက် Bercy အပိုင်းကို ဌာန တစ်ခုလုံး ရွေ့ ပြောင်းခဲ့ပါတယ် ။


(၃) Louvre မှာ Institution တစ်ခု လက်ရှိအချိန်အထိ ရှိပါတယ် ။

École du Louvre လို့ ခေါ်တဲ့ အနုပညာ ကျောင်း ဟာ Seine မြစ်ဖက်ကို မျက်နှာလှည့်ထားတဲ့ Aile de Flore အဆောင်မှာရှိပါတယ် ။ ၁၈၈၂ ကစတင်တည်ထောင်ခဲ့ပြီး Archaeology, Anthropology, Art history, and Epigraphy ဘာသာရပ်များကို ပြင်သစ် ဘာသာနဲ့ သင်ကြားပေးပါတယ် ။


(၄) Louvre နာမည် နဲ့ ပြတိုက်နှစ်ခု ထပ်ရှိပါတယ် ။

Abu Dhabi November 2017 မှာ Louvre ပြတိုက် အသစ် ဖွင့်လှစ်ခဲ့ပါတယ် ။ လက်ရာ တော်တော်များဟာ ပြင်သစ် ယဉ်ကျေးမူ ဌာန မှ နှစ်ရှည် စာချုပ်တွေနဲ့ ဌားရမ်းထားပါတယ် ။

2012 မှာ ပြင်သစ်နိုင်ငံ မြောက်ပိုင်း Lens မြို့ မှာ Louvre-Lens နာမည်နဲ့ အနုပညာ လက်ရာတော်တော်များကို ပြသထားပါတယ် ။ Paris မြို့ ထိလာစရာ မလိုဘဲ လေ့လာလို့ရတဲ့ ပြတိုက် အသေးစားလေးပေါ့ ။


(၅) ပြတိုက် ထဲမှာ မြင်တွေ့ရတဲ့ ပန်းချီဆွဲနေသူများ

Security ကျော်ပြီး ပန်းချီ လာဆွဲနေတဲ့သူတွေလား ။ မဟုတ်ပါဘူး။ 1608 Henri IV လက်ထက် ကစတဲ့ ရိုးရာတစ်ခုပါ ။ ဘုရင်ကိုယ်တိုင် နိုင်ငံမှာရှိတဲ့ ပန်းချီဆရာများကို ခေါ်ယူပြီး နာမည်ကျော်လက်ရာများကို ကူးယူးစေတဲ့ ဓလေ့တစ်ခုပါ ။

ပန်းချီဆရာများကို Louvreပြတိုက် ထဲနေထိုင်စေပြီး ကူးယူခိုင်းပါတယ် ။ လက်ရှိ အချိန် မှာ စည်းကမ်းပိုမို တင်းကြပ်လာပြီး နေထိုင်ခွင့်မရတော့ပါဘူး။

ဒါပေမဲ့လည်း ပန်းချီဆရာ အယောက်ပေါင်း ၁၅၀ က နေ ၂၀၀ အထိ ၃ လ အပြီး ကူးယူ ရေးဆွဲခွင့် ပြုပါတယ်။ခွင့်ပြုချက်ရဖို့ ၂ နှစ် အထိ စောင့် ဆိုင်းရပေမဲ့ ကမ္ဘာကျော်လက်ရာများကို သင်ယူလေ့လာရေးဆွဲနိုင်မယ့် အခွင့်အရေးလဲဖြစ်ပါတယ် ။


(၆) စွန့်ပစ်ခဲ့ရတဲ့ Louvre

1682 မှာ Louis XIV လက်ထက် နန်းတော်တည်နေရာကို Louvre မှ ဗာဆိုင်းနန်းတော် Palace of Versailles ဆီသို့ ပြောင်းရွှေ့ ခဲ့ပါတယ် ။ နှစ် ၁၀၀ ကျော် တိုင် စွန့်ပစ်ခံရပြီး ပန်းချီဆရာများစွာတို့ဟာ Louvre ပတ်ချာလည်မှာ စတည်းချ နေထိုင်ခဲ့ကြပြီး ၁၇၀၀ နှောင်းပိုင်း တော်လှန်ရေးအပြီးမှာတော့ အစိုးရမှ ပြန်လည် ပြုပြင်ပြီး ပြတိုက်အဖြစ် အသက်သွင်းခဲ့ပါတယ် ။


(၇) ပီကာဆို နှင့် စွပ်စွဲမူ

၁၉၀၀ အစောပိုင်းမှ Iberian sculptures (အိုင်ဘေးရီးယန်းကျောက်စာများ) ပြတိုက်မှ ခိုးယူခံရပြီး သူငယ်ချင်း ဖြစ်သူ ကဗျာဆရာ ၊ ပြဇာတ်ရေးဆရာ Guillaume Apollinaire ထံမှ ရရှိထားခဲ့ပါတယ်။ ၁၉၁၁ မှ Mona lisa ပန်းချီကား ခိုးခံရမူအပေါ် ပီကာဆို ကို သံသယတရားခံ အဖြစ်သတ်မှတ်ခဲ့ကြပါတယ် ။ တရားခံ အစစ်မှာ အီတလီ မှ ပြောင်းရွှေ့နေထိုင်သူ Vincenzo Perugia ဖြစ်ပြီး နပိုလီယံလက်ထက် အီတလီမှ အနုပညာ လက်ရာများ ပြင်သစ်သို့ သယ်ဆောင်သွားမူအပေါ် မကျေမနပ်ဖြစ်ကာ Mona Lisa ပန်းချီကားကို ခိုးယူသွားခဲ့ခြင်းဖြစ်ပါတယ် ။ တကယ်တမ်းမှာတော့ Leonardo Davinci ကိုယ်တိုင် ပြင်သစ်ဘုရင် Francis I ကို လက်ဆောင်ပေးခဲ့တာပါ။ အီတလီမှာတော့ တချို့ တွေက သူခိုး Perugia ကို နိုင် ငံ သူရဲကောင်း အဖြစ် သတ်မှတ် ကြပါတယ် ။


(၈) ပီကာဆို ပန်းချီကားများ ပြသခံရခြင်း

၁၉၇၁ မတိုင်မှီထိ သက်ရှိထင်ရှားပန်းချီဆရာများ ရဲ့ လက်ရာများကို Louvre မှာ ပြသခြင်း မရှိခဲ့ပါဘူး။ ပီကာဆို ရဲ့ ၉၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် Grande Galerie မှာ လက်ရွေးစင်ပန်းချီကားများကို ပြသခဲ့ပါတယ်။


(၉) ထက်ခြမ်း ခွဲ ခဲ့ရတဲ့ပန်းချီကား

ကာနွန်မြို့ မင်္ဂလာဆောင် ပွဲတော် (Veronese’s Wedding Feast at Cana ) ပန်းချီကား ဟာ စတုရန်းပေပတ်လည် ၇၀၀ ရှိပြီး ပြတိုက်ရဲ့ အကြီးဆုံး ပန်းချီကားဖြစ်ပါတယ် ။ ၁၇၉၇ ခုနစ် နပိုလီယံ အီတလီပြည်ကို သိမ်းပိုက်ပြီးနောက် ဘုရားကျောင်း ၊ဘုန်းကြီးကျောင်း များတွင် ရှိသည့် ပန်းချီ ပန်းပု များကို ပြင်သစ်ပြည်သို့ သယ်ဆောင်သည့်အနက်တွင် ထို ပန်းချီကားမှာ Venice မြို့ San Giorgio Maggiore ဘုရားကျောင်း စားသောက်ခန်းမှ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ သယ်ဆောင်ရခက်ခဲသည့်အတွက် နှစ်ခြမ်း ပိုင်းခဲ့ရသည်။ ယနေ့တိုင် ပန်းချီကား ၏ အက်ကြောင်းရာ ကိုတွေ့ရှိရပါတယ် ။ Original ပန်းချီကားကို Louvre မှာတွေ့ရပြီး ပုံတူကားကိုတော့ မူလ ဘုရားကျောင်း မှာ တွေ့နိုင်ပါတယ် ။


(၁၀) ဒုတိယကမ္ဘာစစ် နှင့် Louvre

၁၉၃၉ ခုနှစ် ဂျာမန် နာဇီများ၏ နယ်ချဲ့မူကို စိုးရိမ်သည့်အတွက် အမျိုးသားပြတိုက်မှူး Jacques Jaujard မှ အနုပညာ ပစ္စည်း ပေါင်း ၄၀၀၀ ကျော် ကို Louvre မှ ပါရီမြို့ တောင်ဖက် Château de Chambord သို့ ပြောင်းရွှေ့ခဲ့ပြီး ပြတိုက်တွင် နောက်ဆုံးကျန်ရှိသည့် Winged Victory at Samothrace ရုပ်တုကို စက်တင်ဘာ ၃ရက် ၁၉၃၉ တွင် ပြောင်းရွေ့ ခဲ့သည်။ ထိုနေ့မှာ ပြင်သစ်ပြည်ရာဇသံ ကျဆုံးသည့် နေ့လည်းဖြစ်သည်။


(၁၁) စက္ကန့် ၃၀ ၊ရက်ပေါင်း ၂၀၀ ကျော် ၊ အလျား၈မိုင်

Louvre ပြတိုက်မှာ ပြသထားသည့် လက်ရာပေါင်း ၃၅၀၀၀ ကို တစ်ခုချင်းဆီ စက္ကန့် ၃၀ အချိန်ပေးကြည့်လျှင် ရက်ပေါင်း ၂၀၀ ကျော် ကြာမြင့် မှာဖြစ်ပါတယ် ။ နေရာအခက်အခဲ ကြောင့် ပစ္စည်း ပေါင်း ၅၅၀,၀၀၀ ကျော်ကို သိမ်းဆည်းထားသည်။

ကြည့်ရူခွင့်မရသေးပါ ။ ပြတိုက် ရဲ့ အထပ်တိုင်းမှာရှိတဲ့ အခန်း တွေကို အလျားလိုက်စီမယ်ဆိုရင် ပါရီမြို့ အစအဆုံး စီးဆင်းသည့် Seine စိန်းမြစ် ရဲ့ အရှည် ( ၈ မိုင်ကျော် ) နှင့် ထပ်တူနီးပါး ကျမှာဖြစ်ပါတယ် ။

(၁၂) Napoleon III ရဲ့ ပန်းချီဆွဲခန်း

ပထမထပ် Richelieu အဆောင်ခြမ်း မှာ Napoleon III ရဲ့ ပန်းချီဆွဲခန်း နှင့် ထမင်းစားဆောင်တို့ကို တွေ့ရနိုင်ပါတယ် ။ ၁၈ရာစု ခေတ် ဘုရင် များရဲ့ အသုံးအဆောင်ပစ္စည်း များကို တွေ့နိုင်ပါတယ် ။


(၁၃) အသက်မဲ့ ရွေ့လျားနေသည့် ပန်းချီများ

ဘယ်နေရာမှာ ဘယ်ပန်းချီကားရှိတယ်ဆိုပြီး ကျိန်းသေမှတ်လို့ မရတဲ့ Louvre Guide တွေကို အခက်တွေ့စေတဲ့ ပြတိုက်မှူးတွေနဲ့ ပြုပြင်လိုက် ၊ အငှားချလိုက်နဲ့ ပျောက်ပျောက်သွားတဲ့ ပစ္စည်း တွေ ကို မမှတ်မိအောင် ထားတတ်ပါတယ်။


Translated by - Art 8

Credit - BETSY BLUMENTHAL ( https://www.cntraveler.com)

May 18, 2020

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Scholarship A. Proudly created with Wix.com

bottom of page