Education and career advice for High School Students
- Adrian Minus
- Oct 24, 2020
- 1 min read
Education and career advice
**** မြန်မာပြည်က ဆယ်တန်းပြီးကာစ ကျောင်းသား ကျောင်းသူ တွေအတွက်ပါ။****
၁။ ဆယ်တန်းပြီး အမှတ်စာရင်းထွက်လို့ ကိုယ်လိုချင်တဲ့ ကျောင်းမရရင် လည်း Day ဒါမှမဟုတ် အဝေးသင်ဘွဲ့ကို ရအောင်ယူပါ။ Day က Master အတွက် Scholarship လျှောက်ဖို့ လမ်းကျောင်းပိုသေချာပါတယ်။
၂။ မြန်မာပြည်ပညာရေးကို အပြစ်မတင်ပါနဲ့ ။ ဆက်လျှောက်လို့ရတဲ့ နိုင်ငံခြားသွားလို့ရတဲ့ နည်းတွေအများကြီးပါ။ပိုက်ဆံအဓိကဆိုပေမဲ့ ပိုက်ဆံ မတတ်နိုင်ပဲ နိုင်ငံခြားမှာကျောင်းတက်နေသူတွေအများကြီးပါ။
၃။ ဆယ်တန်းပြီးကာစ ဆို English နဲ့ မစိမ်းသေးဘူး။အဲဒီမစိမ်းသေးတာကို အဆက်ပြတ်မသွားပါစေနဲ့။ ကိုယ့်ထက်အကြီးတွေ အသက် ၂၀ ကျော်တွေ 4 skills ပြန်တက်နေရတာ မြင်ရင်ကြောက်ပါ။
ပညာရေးမှာကော လုပ်ငန်းခွင်မှာပါ English မကောင်းရင် နေရာမရသလို မျက်နှာငယ်ရမှာပါ။ သင်တန်းတတ်မှ English သင်လို့ရတာမဟုတ်ပါဘူး။ ရုပ်ရှင် သီချင်း စာအုပ် Pdf တွေ အလကားနီးပါးရတဲ့ online မှာ သင်ယူပါ။မဟုတ်လည်း Facebook သုံးနေတာပဲကို
၄။ Computer Basic Skills သင်ပါ။ ကွန်ပျူတာမရှိလည်း ရှိတဲ့နေရာတွေ စာကြည့်တိုက်တွေ
ယူသုံးပြီး သင်ယူပါ။
၅။ပိုက်ဆံ မရှာနိုင်သေးတဲ့ အရွယ်မို့ လစာကောင်းကောင်းမရပေမဲ့ အလုပ်တိုင်းက ကိုယ့်ကို သင်ပေးပါလိမ့်မည်။စကားပြော မသွက်ရင်တောင် မသိတာဆို မေးပါ။ဟိုက စိတ်မရှည်ရင်တောင် ပြောပြရမှာပါ။ ကိုယ်လည်းပညာရတာပေါ့။ အလုပ်မှာ တကယ်တတ်တဲ့ Senior တွေဆီက ပညာယူပါ။ ပညာတော့ပြပါတယ်။
၆။ Marketing ဆင်းတဲ့ အလုပ်လုပ်ကြည့်ပါ။ ကိုယ့်နဲ့ မကိုက်လည်း လူရည်လည်သွားဖို့က အရေးကြီးပါတယ် ။ နှစ်လလောက်လုပ်ကြည့်တာနဲ့ အတွေ့အကြုံတော်တော်ရပါလိမ့်မည်။
၇။ Uni မှာ အမှတ်ကောင်းအောင်စာကြိုးစားပါ။ Scholarလျှောက်ချင်တဲ့သူကတော့ စာလုပ်ရမှာပါ။ ပျော်လည်းပျော်ပါ။ စာလည်းလုပ်ပါ။
၈။ လုပ်အားပေး စေတနာဝန်ထမ်း Intern အစုံလုပ်ပါ။ အဖွဲ့အစည်းစိတ်ဓာတ်ရတဲ့အပြင် အဆက်အသွယ်ကောင်း အများကြီးရပါတယ်။
၉။ သံရုံးတွေက ကျင်းပတဲ့ ပွဲ တွေ လူငယ်တွေကို လုပ်အားပေးခေါ်ရင် ရအောင်လျှောက်ပါ။ သံရုံးက network ရတာဟာ scholar လျှောက်ဖို့ အခွင့်အရေးရသလိုပါပဲ။
၁၀။ သူများတွေ Private ကျောင်းတက်နိုင်လို့ အားမငယ်ပါနဲ့ ။ကိုယ့်လမ်းကိုသိဖို့က အဓိကပါ။ဆယ်တန်းပြီးလို့ နိုင်ငံခြားက Master နဲ့ scholar ရဖို့ဆိုတာ ပျမ်းမျှ ၃နှစ်က နေ ၆ နှစ် လောက် အချိန်ယူရပါတယ်။ အဲတော့ Uni ပြီးအောင်တက်ပါ။ သင်ယူစရာရှိတာ သင်ယူပါ။ အလုပ်တွေလုပ်ကြည့်ပါ။
P.s ကျွန်တော် ဆို ဆယ်တန်းပြီးကာစ က အခု လို လမ်းပြပေးမဲ့ သူရှိခဲ့ရင် တော်တော် အဆင်ပြေမှာပါ။ အခု အချိန်တော်တော်ကုန်သွားတယ်။
ဆယ်တန်းအမှတ်လည်းမကောင်း uni ကိုလည်းသူများတွေ ၃ နှစ် ၄ နှစ် နဲ့ ဘွဲ့ရတဲ့ အချိန်မှာ ၈ နှစ်လောက် အချိန် ယူခဲ့မိတာ တအားဆိုးတယ်။
Scholar ရတဲ့ အချိန်က Final year နှစ် Master တက်ခွင့်ပေးပေမဲ့ ဒီဖက်မှာ Bachelor မပြီးသေးတော့ Diploma ပဲတက်ခွင့်ရခဲ့တယ်။
မြန်မာပြည်ပညာရေးကနေ ခုန်လို့ ရတဲ့ လမ်းကြောင်းတွေအများကြီးပါ။ Google ခေါက်ပြီး စာဖတ်ကြပါ။ Scholarship ပေးတဲ့ website တွေကို ရင်းနီးလာတဲ့အထိကိုမွှေပါ။ တကယ်လိုချင်လာရင် ဘယ်သူကိုမှ အကူအညီတောင်းစရာမလိုပါဘူး။
ကျွန်တော်ဆို Facebook သုံးရင်း Post တွေ့လို့ သေချာပြင်ဆင်ပြီး လျှောက်လိုက်တာ ရသွားတယ်။ စာမတော်ပဲ ရခဲ့ပေမဲ့ English စာ ကို အဆက်မဖြတ်ခဲ့ ပါဘူး။ ပြောခဲ့သလိုပဲ လုပ်အားပေးတွေဝင်လုပ်တယ်။ British Council lnstitut. francaise. American centre တို့မှာ စာကြည့်တိုက်ကတ်တွေလုပ်ပြီး အဲဒီက သူတွေနဲ့ ရင်းနှီး အောင် နှုတ်ဆက်တယ်။
ရေးခဲ့တဲ့ အပေါ်က ၁၀ ချက်က ကျွန်တော် တကယ် လုပ်ခဲ့တဲ့ လမ်းကြောင်းတွေပါ။
Peace
Arkar
Comments