Chevening Scholarship
- Adrian Minus
- Oct 23, 2020
- 1 min read
2021-2022 ပညာသင်နှစ်တွက် ဗြိတိန်နိုင်ငံ က Chevening Scholarship စတင်လျှောက်ထားနိုင်ပါပြီ။ မာစတာတွက်ပါ။ ဗြိတိန်နိုင်ငံရှိ ဘယ်တက္ကသိုလ်မှာမဆို မိမိတင်ရောက်လိုသောဘာသာရပ်ကိုလေ့လာ လျှောက်ထားနိုင်ပါတယ်။
လိုအပ်တဲ့အချက်အလက်၊ လျှောက်ပုံလျှောက်နည်းတွေကိုပုံနဲ့တွဲတင်ပေးထားသလို စကော်လားရှစ်လင့်မှာလည်းဝင်ကြည့်လို့ရပါတယ်။
Online Application - https://chevening.smartsimpleuk.com/s_Login.jsp
****လျှောက်ထားပုံ****
ခုလင့် http://www.chevening.org/apply ထဲဝင်ပြီး ကိုယ့်နိုင်ငံကိုရွေး၊ Search ဆိုတာကိုနှိပ်၊ ပြီးရင် Apply for scholarship ကိုဆက်သွားပြီးရင်တော့ ကိုယ်ရေးအချက်တွေသေချာဖြည့်ပြီး Register လုပ်ထားရပါမယ်။ ကိုယ်ဖြည့်ထားတဲ့အီးမေလ်းလိပ်စာမှာ အွန်လိုင်းအကောင့် ပို့လာပေးမှာပါ။ အွန်လိုင်းအကောင့်ကနေ application process အဆင်ဆင့်ကို ဖြည့်ပြီး လျှောက်ရပါမယ်။
ဘာသာရပ်ရှာဖွေရန်လင့် - https://www.chevening.org/scholarships/guidance/courses/
ကိုယ်လျှောက်ချင်တဲ့ဘာသာရပ်ကိုရှာပြီးရင် သက်ဆိုင်ရာတက္ကသိုလ်မှာဝင်ခွင့်လျှောက်ထားရပါမယ်။ ဘာသာရပ်လျှောက်ထားတဲ့အခါ ဦးစားပေးသုံးခုလျှောက်ထားနိုင်ပါတယ်။ ကျောင်းတစ်ကျောင်းထဲက ဘာသာရပ်ကွဲသုံးခုလျှောက်ထားနိုင်သလို ဘာသာရပ်တစ်ခုကိုဘဲ ကျောင်းသုံးကျောင်းမှာလျှောက်ထားနိုင်ပါတယ်။ ဒုတိယအချက် (ဘာသာရပ်တစ်ခုကိုဘဲ ကျောင်းသုံးကျောင်းမှာလျှောက်ထားနိုင်ပါတယ်။) ကို ပညာသင်ဆုအဖွဲ့ကထောက်ခံချက်ပေးထားပါတယ်။
Chevening ပညာသင်ဆုရဖို့ ကိုယ်လျှောက်ထားတဲ့ဘာသာရပ်တွက်ကျောင်းလက်ခံစာကို ၂၀၂၁ ဇူလိုင် ၁၆ရက်နေ့ မလွန်ခင် ရထားဖို့လိုပါတယ်
Application deadline - 3 November, 2020

Comentários